မွန်ပြည်နယ်တွင် တောင်ပြိုကျမှုကြောင့် လူနေအိမ်(၃)လုံးပျက်စီး၍ အနီးနားနေသူများရွှေ့ပြောင်းထားရ

0
85
မွန်ပြည်နယ် ၊ ဇူလိုင် ၂၇
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ကျေးရွာအုပ်စု၊ ရပ်ကွက်(၈)အနီးတွင် ဇူလိုင်လ (၂၆) ရက်နေ့ ညနေ (၅) နာရီဝန်းကျင်က ကွမ်ရိုက်တောင်မြေပြိုသောကြောင့် လူနေအိမ် (၃) လုံးထိခိုက်ပျက်စီးသွားပြီး အနီးပတ်ဝန်းကျင်တွင်နေထိုင်သူများကို ရွှေ့ပြောင်း ထားရကြောင်း သိရသည်။
အဆိုပါနေအိမ်ပျက်စီးသွားသည့် နေရာများတွင် မြေပြိုမှုထပ်မံဖြစ်ပွါးနိုင်သောကြောင့် မုဒွန်းနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေတပ်ဖွဲဝင်များဖြင့် သွားရောက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးထားပြီး အနီးဝန်းကျင်နေထိုင်သူများ ရွှေ့ပြောင်းနေ ကြစဉ် ဒုတိယအကြိမ်မြေပြိုမှု ထပ်မံဖြစ်ပွားသွားကြောင်း သိရသည်။
တောင်ပြိုကျမှုကြောင့် အနီးဝန်းကျင်မှ အိမ်ထောင်စု (၅၅) စု ဘေးလွတ်ရာသို ရွှေ့ပြောင်းနေကြရကြောင်း သိရသည်။
Photo – CJ


LEAVE A REPLY

Please enter your comment!
Please enter your name here