ဧရာဝတီတိုင်းဒေသကြီးအတွင်း တာဝန်နဲ့နာရေးကိစ္စတွေအပ နေအိမ်ပြင်ပသွားလာခွင့်မပြု

0
136
ဧရာ၀တီတိုင်း ဇူလိုင် ၂၇
ဧရာဝတီတိုင်းဒေသကြီးအတွင်း တာဝန်နဲ့ နာရေးကိစ္စတွေမှအပ နေအိမ်ပြင်ပထွက်ခွါသွားလာမယ်ဆိုလျှင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့အညီ အရေးယူဆောင်ရွက်မယ်လို့ နစက က ဇူလိုင်လ ၂၅ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေငြာထားပါတယ်။
ကြေငြာချက်ထဲမှာ တိုင်းဒေသကြီးအတွင်း မြို့နယ်နဲ့မြို့တွေက စျေးတွေမှာရှိတဲ့ အခြေခံစားသောက်ကုန် ပစ္စည်းဆိုင်တွေ၊ ဆေးဝါးပစ္စည်းရောင်းချတဲ့ဆိုင်တွေကလွဲလို့ ကျန်တဲ့ဆိုင်တွေအားလုံးကို ဇူလိုင်လ ၂၅ ရက်နေ့ကနေ ဩဂုတ်လ ၁ရက်နေ့အထိ ပိတ်ထားဖို့ ပါရှိပါတယ်။
ပါဆယ်စနစ်နဲ့ရောင်းချနေတဲ့ စားသောက်ဆိုင်နဲ့ လက်ဘက်ရည်ဆိုင်တွေ ၊ စျေးအတွင်းမှာ ရောင်းချခွင့်ပြုထားတဲ့ အခြေခံ စားသောက်ကုန် ပစ္စည်းဆိုင်တွေ၊ လမ်းဘေးစျေးဆိုင်တွေ၊ အိမ်ဆိုင်တွေဖြစ်တဲ့ ဆံပင်ညှပ်ဆိုင်၊အလှပြင်ဆိုင်၊စတိုးဆိုင်၊ ကုန်ခြောက်ဆိုင် ၊အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်၊ပုဂ္ဂလိကအိမ်ဆိုင်၊ ဌာနဆိုင်ရာ သက်သာစျေးဆိုင်ခန်းတွေနဲ့ ဘုရားစျေးဆိုင်ခန်းတွေတော့ နံနက် ၆နာရီကနေ နေ့လည် ၁၂ နာရီအတွင်းသာ ဖွင့်လှစ်ရောင်းချခွင့်ပြုမယ်လို့ ကြေငြာချက်မှာပါရှိပါတယ်။
ထုတ်ပြန်ထားတဲ့ကြေငြာချက်တွေကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတွေနဲ့ အရေး ယူဆောင်ရွက်သွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံပြန်ရေးကော်မတီရဲ့ သတင်း ထုတ်ပြန်ချက်တွေ အရသိပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here