စင်ကာပူနှင့်ဂျပန်နိုင်ငံမှ အောက်ဆီဂျင်စက်အလုံး ၉၀၀ ခန့် လှူဒါန်းမည်

0
180
ရန်ကုန်၊ ဇူလိုင် ၂၉
စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ရောဂါပြန့်ပွါးမှု အပြင်းအထန်ရင်ဆိုင်နေရသည့် ပြည်သူများအတွက် အထောက် အကူဖြစ်စေရန် အောက်ဆီဂျင်စက် (Oxygen Concentrator) အလုံး ၂၀၀ ပေးပို့လှူဒါန်းမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဇူလိုင်လ ၂၈ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါအောက်ဆီဂျင်များကို မြန်မာနိုင်ငံရှိ အောက်ဆီဂျင်စက် အမှန်တကယ်လိုအပ်နေသောအဖွဲအစည်းများထံသို စင်ကာပူကြက်ခြေနီ  အသင်းက မြန်မာနိုင်ငံကြက်ခြေနီအဖွဲထံ တိုက်ရိုက်လှူဒါန်းသွားမည်ဖြစ်ပြီး ထိုကဲ့သို စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံအား အောက်ဆီဂျင် စက်များ လှူဒါန်းခြင်းသည် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်တိုက်ဖျက်ရေးတွင် မြန်မာနိုင်ငံမှ ပြည်သူများနှင့်အတူ စင်ကာပူနိုင်ငံပြည်သူ များက တစ်သားတည်း ရပ်တည်ခြင်းကို ပြသခြင်းဖြစ်ကြောင်း စင်ကာပူနိုင်ငံရေးခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒါ့အပြင် UNOPS ( ကုလသမဂ္ဂစီမံကိန်း ဝန်ဆောင်မှုများရုံး) မှတစ်ဆင့်လည်း ဂျပန်အစိုးရက အောက်ဆီဂျင်စက် အလုံးရေ ၇၀၀ အား မြန်မာနိုင်ငံအတွက် လှူဒါန်းမည်ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ဇူလိုင် ၂၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
၂၀၂၁ခုနှစ် ဇွန်လကုန်လောက်တွင် မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါအခြေအနေမှာပိုမိုမြင့်တက်လာပြီး အောက်ဆီဂျင် အလုံအလောက် မရ၍ လူနာများသေဆုံးမှုများမှာလည်း တစ်နေ့ထက်တစ်နေ့ များပြားလာသောကြောင့် မြန်မာပြည်သူများအတွက် လိုအပ်နေသော အောက်ဆီဂျင်စက်များကို ထောက်ပံ့ပေးရန် အရေးပေါ်လိုအပ်နေကြောင်းလည်း ဂျပန်သံရုံးမှထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတွင် တတိယလှိုင်းကိုဗစ်-၁၉ ကပ်ရောဂါပျံ့နှံနှုန်းမြင့်တက်လာခြင်းနှင့် အောက်ဆီဂျင်အရေးပေါ် လိုအပ်မှုတို့ကြောင့် ပြည်သူများ အနေဖြင့် လူမှုရေး၊ စားဝတ်နေရေးနှင့်စီးပွါးရေး စသော အဘက်ဘက်မှအရေးပေါင်းစုံတို့တွင် အခက်အခဲများ ရှိလာကြသည် ကိုတွေ့ရှိပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here