ကိုဗစ် Delta ဗီဇပြောင်းပိုးက(၅)ယောက်မှ (၈) ယောက်အထိ ကူးစက်နိုင်တယ်လို့ နစက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြော

0
101
ရန်ကုန် ဇူလိုင် ၃၀
ကိုဗစ် ၁၉ ရောဂါပိုးကူးစက်မှုဟာ အရင်က လူတစ်ဦးမှ အခြားလူတစ်ဦးကို (၂.၅) နှစ်ယောက်ခွဲခန့်သာ ကူးစက်နိုင်ပေမယ့် Delta ဗီဇပြောင်းပိုးကတော့ ၅ယောက်မှ ၈ယောက်အထိ ကူးစက်နိုင်တယ်လို့ နစက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်၁၉ ဗီဇပြောင်းမျိုး ၄မျိုးအထိ တွေ့ရှိထားပြီး Alpha,Beta,Gamma နဲ့ Delta တို့ဖြစ်ပါတယ်။ Alpha နဲ့နှိင်းယှဉ်ရင် Delta ဟာ ၆၀%(၁.၆ဆ) ပိုမြန်တယ်လို့ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနမှသိရပါတယ်။
WHO ရဲ့ထုတ်ပြန်ချက်တွေအရ Alpha နဲ့ Delta တို့ ဟာ ရောဂါပိုးကူးစက်နိုင်မှုနဲ့ ထပ်မံကူးစက်ပျံ့နှံနိုင်မှု ပိုမိုမြင့်မားကြောင်းတွေ့ရှိရပြီး ရောဂါပြင်းထန်မှုအနေနဲ့ ဆေးရုံတက်ရောက်နိုင်ခြေနဲ့ သေဆုံးနိုင်ခြေမြင့်တက်နိုင်မှုရှိကြောင်း သုံးသပ်ထားပါတယ်။
အိန္ဒိယနိုင်ငံကစတင်တွေ့ရှိခဲ့တဲ့ Delta မျိုးကွဲတခုတည်းသာ စိုးရိမ်ဖွယ်အခြေအနေရှိတယ်လို့ ယူဆနိုင်ပြီး အခြားမျိုးကွဲ ၂ခုကို အဆင့်လျှော့ချသတ်မှတ်လိုက်ကြောင်းကိုလည်း WHO က ဇွန်လ ၁ရက်နေ့မှာ ပြောကြားထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here