အဆိုတော် တင်ဇာမော် ရဲ့ မိခင်ဖြစ်သူ ကိုဗစ်ရောဂါဖြင့် ကွယ်လွန်

0
92

အဆိုတော် တင်ဇာမော် မိခင်ကြီးဒေါ်သန်းသန်းနွယ်ဟာ ဇူလိုင်လ၂၈ရက်နေ့ ည၁၀နာရီကျော်လောက်မှာ ကိုဗစ်ရောဂါဖြင့် ကွယ်လွန် သွားခဲ့ပါတယ် ။မိခင်ကို ဆုံးရှုံးလိုက်ရတဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်းကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

“မေမေ‌ရေ…
မေမေ့ကို သမီးသန့်ရှင်းရေးလုပ်ပေးမယ်နော်..
ဟယ် သမီးက မေမေ့ဒီနားလေးကနေထွက်လာတာနော်..
ဟုတ်တယ်မို့လားမေမေ..
ခုတော့ မေမေက သမီးရဲ့ ကလေးလေးနော် ပိုးလေးလိုမွေးထားရတာနော်.. အားတင်းထားပေးနော်မေမေ…

တစ်ကယ်တမ်းလက်တွေ့မှာ မေမေအရမ်းပင်ပန်းလှပါပြီ..
အကောင်းဆုံးကြိုးစားပေးခဲ့တဲ့ ဆရာ၊ဆရာမတွေ၊ အတတ်နိုင်ဆုံးကူညီပေး အားပေးခဲ့ကြတဲ့ ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်း၊ ပရိသတ် များအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်
မေမေ ကောင်းရာဘုံဘဝမှာ အေးငြိမ်းချမ်းသာပါစေ ” လို့ ရေးသားထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here