Item Bar က အောက်ဆီဂျင်အိုးတွေကို အိမ်တိုင်ရာရောက်ပို့ဆောင်ပေးပြီး အောက်ဆီဂျင်လိုအပ်သူတွေကို အသက်ကယ်မည်

0
199
ရန်ကုန် ဇူလိုင် ၃၀
ဇူလိုင်လ ၃၀ရက်နေ့ ညနေပိုင်းကစပြီး အောက်ဆီဂျင်လိုအပ်နေသူတွေဆီကို အောက်ဆီဂျင်အိုးတွေ လူနာတင်ကားနဲ့ လိုက်လံပိုဆောင်ပြီး အသက်ကယ်ပေးမယ်လို့ ရန်ကုန်မြိုမှာ အောက်ဆီဂျင်တွေကို အခမဲ့ပေးဝေနေတဲ့ Item Bar က ၄င်းရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။
ဒီလိုအောက်ဆီဂျင်တွေကို လိုက်လံပိုဆောင်ပေးနိုင်ဖို့အတွက် Item လူငယ်ပရဟိတအသင်းကို တည်ထောင်ဖွဲစည်းထားတယ်လို့လည်း Item Bar ကရေးသားထားပါတယ်။
Item လူငယ်ပရဟိတအသင်းကို ဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေကတော့ 09669999585၊
09669999586၊ 09669999587 09669999588 နဲ့ 09669999589 တိုဖြစ်ပါတယ်။ဒီနေ့ ညနေ6:0နာရီမှစ၍ဖုန်းကဒ်များကိုစတင်ဖွင့်လှစ်ပေးမယ်လို့လည်း သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here