နေပြည်တော် ဇူလိုင် ၃၀
ယခု ဇူလိုငိလ အတွင်း တိုင်းဒေသကြီးနှငိ့ပြည်နယ် ၆ ခုတွင် ရေကြီးရေလျှံဖြစ်ပေါ်မှုများကြောင့် အိမ်ထောင်စုပေါင်း ၈၃၀၀ ကျော် မှ လူဦးရေ ၃၂၀၀၀ ကျော် မှာ ရေဘေးရှောင်စခန်းများတွင် ရေဘေးရှောင်နေကြရကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ သိရသည်။
ဇူလိုင်လ ၂၀ ရက်နေ့မှစ၍ ၂၈ ရက်နေ့ထိအတွင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှငိ့ ဧရာဝတီတိုင်းဒေသကြီးတို့တွင် မိုးသာ်းထန်စွာရွာသွန်းမှုများဖြစ်ပေါ်ကာ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့၍ အိမ်ထောင် စုပေါင်း ၈၃၀၀ ကျော် နှင့် လူဦးရေ ၃၂၀၀၀ ကျော်မှာ ရေလွတ်ရာ ရေဘေးရှောင်စခန်းများတွင် ရှောင်နေကြရကြောင်း သိရသည်။
” တိုင်းနဲ့ပြည်နယ် ၆ ခုမှ ရေကြီးရေလျှံမှုဖြစ်နေတာပါ။ အဓိက အဆိုးဆုံးကတော့ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်က ဖြစ်နေတာပါ။ အခု လက်ရှိက တနင်္သာရီဆိုရင် အိမ်ထောင်စု ၁၂ စုလောက်ပေါ့။ များတာက မွန်ရယ် ကရင်ရယ် ဧရာဝတီကများပါတယ်။ စဖြစ်တာက ကရင်ပြည်နယ် ဆိုရင် ဇူလိုင် ၂၀ လောက်ကနေ ကြာအင်းဆိပ်ကြီးမှာ စဖြစ်တာပါ။ ကျန်တာတွေက နောက်ရက်တွေမှ ဖြစ်ကြတာပေါ့။ ရေဘေးရှောင် အိမ်ထောင်စုတွေကို Mask တို့ လက်သန့်ဆေးတို့ ဆန်ရိက္ခာဖိုးတို့ ထောက်ပံ့ထားပါတယ်” ဟု ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောသည်။
အဆိုပါ ရေကြီးရေလျှံမှုများကြောင့် ကရင်ပြည်နယ်တွင် အိမ်ထောင်စုပေါင်း ၁၀၄၀ ကျော်နှင့် လူဦးရေ ၄၆၀၀ ကျော်၊ ရေဘေးရှောင်နေရာ ၂၉ နေရာ၊ တနင်္သာရီတိုင်းဒေသကြီးတွင် ရေဘေးရှောင် အိမ်ထောင်စု ၁၂ စု၊ လူဦးရေ ၅၀ ခန့်၊ ရေဘေးရှောင်နေရာ ၂ နေရာ၊ ပဲခူးတိုင်းဒေသကြီးတွင် အိမ်ထောင်စု ၁၁၀ ခန့်၊ လူဦးရေ ၄၇၀ ခန့်မှာ ရေဘေးရှောင်နေရာ ၃ နေရာတွင်လည်းကောင်း၊ မွန်ပြည်တယ်တွင် အိမ်ထောင်စု ၄၅၃၈ စု၊ လူဦးရေ ၂၀၁၀၀ ကျော်မှာ ရေဘေးရှောင်နေရာ ၁၁ နေရာခန့်တွင်လညိးကောင်း၊ ရခိုင်ပြည်နယ်တွင် အိမ်ထောင်စု ၂၆၀၀ ကျော်မှ လူဦးရေ ၆၀၈၀၀ ကျော်ခန့်တို့မှာ ရေဘေးရှောင်နေရာ ၂ ခုနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် အိမ်ထောင်စု ၅၀ နှင့် လူဦးရေ ၁၅၀ ကျော် တို့မှာ ရေဘေးရှောင်နေရာ ၁ ခုတို့တွင် ရေဘေးရှောင်နေကြရပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ၆ ခုမှ အိမ်ထောင်စုပေါင်း ၈၃၀၀ ကျော်မှ လူဦးရေ ၃၂၀၀၀ ကျော်တို့မှာ ရေဘေးရှောင်နေရာ ၄၈ နေရာတွင် ရေဘေးရှောင်နေကြရကြောင်း သိရသည်။