၂၀၂၀နှစ်ကုန်ပိုင်းမှာ ကာကွယ်ဆေး လွှမ်းခြုံနိုင်မှု ၅၀% ရှိမယ်လို့ နစက/အိမ်စောင့်အစိုးရ ခန့်မှန်း

0
262

ဇူလိုင်လ စတုတ္ထပတ်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကဝယ်ယူထားတဲ့ ကာကွယ်ဆေး ၃ သန်းရောက်ရှိခဲ့ပြီး ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းတွေ ကို ဆက်တိုက်ဆောင်ရွက်နေပါတယ်။ စုစုပေါင်း ၄သန်းဝယ်ထားတဲ့ အထဲကနေ ခုလက်ရှိ ၃သန်း ရောက်ရှိလာခဲ့တာပါ။

ဩဂုတ်လထဲမှာ နောက်ထပ်ကာကွယ်ဆေး ၃သန်း ရောက်ရှိလာမှာဖြစ်ပြီး ရရှိလာမယ့် ကာကွယ်ဆေးတွေကို ဦးတည်အုပ်စုတွေနှင့် ဦးစားပေး အစီအစဉ်အလိုက် စနစ်တကျ ထိုးနှံပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။

ရရှားနိုင်ငံက မှာယူထားတဲ့ ကာကွယ်ဆေး ၂သန်းဟာလည်း အသုတ်လိုက်ရောက်ရှိလာမှာ ဖြစ်သလို အိန္ဒိယနိုင်ငံမှ ရဖို့ကျန်နေသေးနေတဲ့ ကာကွယ်ဆေးတွေ ရရှိဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်းကိုလည်း တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

မြန်မာပြည်တွင်းမှာ ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပြီး ဒီနှစ်ကုန်ပိုင်းမှာ တနိုင်ငံလုံးအနေနဲ့ ကာကွယ်ဆေး လွှမ်းခြုံနိုင်မှု ၅၀% ရှိတယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here