ကချင်ပြည်နယ်အတွင်း CDMဆောင်ရွက်မှု ဆန္ဒပြမှုများဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံဝန်ထမ်းများအနက်က ၉ဦး ယနေ့ပြန်လွတ်

0
226
ပုံစာ။ ကချင်ပြည်နယ် မြစ်ကြီးနားတွင်ဧပြီလအတွင်းက ဆန္ဒပြခဲ့ကြမှု မြင်ကွင်းတစ်ခု
ပုံစာ။ ကချင်ပြည်နယ် မြစ်ကြီးနားတွင်ဧပြီလအတွင်းက ဆန္ဒပြခဲ့ကြမှု မြင်ကွင်းတစ်ခု

မြစ်ကြီးနား ၊ဩဂုတ်၂

ကချင်ပြည်နယ်အတွင်း CDM ဆောင်ရွက်မှု ဆန္ဒပြမှုများဖြင့် ဖမ်းဆီး ထိန်းသိမ်းခံထားရသော နိုင်ငံဝန်ထမ်းများအနက်က ၉ဦး ယနေ့ပြန် လွတ်လာ သည်ဟု ကချင်ပြည်နယ်ရဲတပ်ဖွဲ့ကပြောသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၂) ရက်မှ စ၍ဆန္ဒပြ မှုများတွင် လှုပ်ရှားပါဝင်ခဲ့သူ များ ကို ပြစ်ဒဏ်များ လျော့ပေါ့ ခြင်းနှင့် အမှုများ ရုတ် သိမ်းခြင်း များ ဆောင်ရွက်ပေးလျက် ရှိရာ တတိယအကြိမ် အ​ဖြစ် ကချင်ပြည်နယ် အတွင်းမှ အမှုဖွင့် အရေးယူ ထားသူများ အနက် နိုင်ငံ ဝန်ထမ်း (၉)ဦး ကို သြဂုတ်လ (၂)ရက်နေ့တွင် သက်ဆိုင်ရာ မှ ပြန်လည် လွတ်မြောက်ပေးခဲ့ ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့ကပြောသည်။

ဖမ်းဆီး ထိန်းသိမ်းခံထားရပြီး ပြန်လွတ်လာသည့် နိုင်ငံဝန်ထမ်းများထဲ ကျောင်းဆရာမအချို့လည်းပါသည်ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here