လမ်းရေကျော်မူ့ကြောင့် ဂျိုင်းတံတားအနီး ကားများရာချီပိတ်မိနေရာမှ ယခု ညနေ ဖြတ်သန်း၍ရ

0
112

ကျုံဒိုး ၊ ၊ဩဂုတ်၂

ကရင်ပြည်နယ်၊ ကျုံဒိုး မြို့မှာရှိတဲ့ ဂျိုင်းတံတားအနီးမှာ ကားလမ်းရေကျော်မှုများ ဖြစ်ပေါ်နေတာကြောင့် ကားများရာချီပိတ်မိနေတယ်လို့ သိရပါတယ်။

ယခုရက်ပိုင်း အတွင်း မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ မိုးအများအပြား ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျှက်ရှိကာ ဂျိုင်းမြစ်ရေ ဟာလည်း မြင့်တက်ခဲ့ပြီး ကားလမ်းရေကျော်မှုများ ဖြစ်ပေါ်ခဲ့ကာ ယခုလို ယာဥ်လမ်းကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့ တာဖြစ်ပါတယ်။

ယခုလိုပိတ်ဆို့မှုကြောင့် ယာဥ်မောင်းများနဲ့ ယာဥ်နောက်လိုက်များ ၄င်းနေရာတွင်မနေ့ ညကအိပ်ခဲ့ကြရပြီး ပြည်တွင်းကိုဝင်ရောက်ဖို့ရှိတဲ့ ဆေးပစ္စည်းများလည်း အဝင်နောက်ကျ‌ခဲ့ရပါတယ်။

ယခုညနေတွင်တော့ ကားများဖြတ်သန်း၍ ရလာပြီဖြစ်သဖြင့် အချို့ကုန်ကားများ ယခု ည သို့မဟုတ် မနက်ဖန် မနက် ဝင်လာကြ မည်ဖြစ်သည်။

Photo Crd – CJ

 


LEAVE A REPLY

Please enter your comment!
Please enter your name here