လားရှိုးမြို့ကစျေးအချို့ ယာယီပြန်ပိတ်

0
204

ဩဂုတ်လ ၁ရက်နေ့မှစပြီး ဖွင့်လှစ်ခွင့်ပေးခဲ့တဲ့ လားရှိုးမြို့က မြို့မစျေးနဲ့ မန်ဆူစျေးကို ဩဂုတ်လ ၃ရက်နေ့ကစပြီး ယာယီပြန်ပိတ် လိုက်တယ် လို့ သိရပါတယ်။

စျေးဝယ်သူ အရမ်းများပြီး လူစုလူဝေးဖြစ်တာကြောင့် ကူးစက်မှုတွေပြန့်ပွါးမှုတွေကို ထိန်းချုပ်နိုင်ဖို့ အတွက် ယာယီ ပိတ်တာဖြစ်ပြီး ကူးစက်မှုနှုန်းတွေ ပိုမိုလျော့ကျသွားရင်တော့ ပြန်ဖွင့်ဖို့ အစီအစဉ်ရှိတယ်လို့ လားရှိုး ကိုဗစ်၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်ကုသရေးစင်တာ အုပ်ချုပ်မှုကော်မတီအဖွဲ့ဝင် ဦးမောင်မောင်လင်းက ပြောပါတယ်။

ယခင်က ကိုဗစ် ကူးစက်မှု ၃၅%အထက်ရှိခဲ့ရာမှ ယခုအခါမှာတော့ ၂၀% နဲ့ ၂၅% အောက်ထိကို လျော့ကျသွားပြီ လို့လည်း ဦးမောင်မောင်လင်း က ပြောပါတယ်။

လားရှိုးကိုဗစ်၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်ကုသရေးစင်တာမှာ ကိုဗစ်၁၉ ပေါ့စတစ်လူနာတွေကို ကုသပေးနိုင်ဖို့အတွက် အဆောင် ၆ဆောင်ရှိပြီး အဆောင် ၁ဆောင်ကို လူနာအယောက် ၈၀နဲ့ ၁၀၀ ကြားကုသပေးနိုင်တယ်လို့ သိရပါတယ်။အထူးကြပ်မတ်ကုသဆောင် ၁ဆောင်ရှိပြီး လူနာ အရမ်းများလာပါက ကုသနိုင်ဖို့အတွက် နောက်ထပ် ၁ဆောင်ကိုပါ အဆင်သင့်ပြင်ပေးထားတယ် လို့လည်း ဦးမောင်မောင်လင်းက ပြောပါဝယ်။

လားရှိုး ကိုဗစ်၁၉ကာကွယ် ထိန်းချုပ်ရေးနှင့် ကုသရေးစင်တာမှ ကော်မတီအဖွဲ့ဝင်တွေနဲ့ လားရှိုး ရပ်မိရပ်ဖတွေအနေနဲ့ ကိုဗစ်၁၉ ကူးစက်ပြန့်ပွါးမှု ကို လျှော့ချနိုင်ဖို့အတွက် အတူပူးပေါင်းပြီး လက်တွဲညီညီနဲ့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here