ရှမ်း‌ပြည်နယ် ဖယ်ခုံတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံ‌‌ ပေးနေသည့် မြို့တော်ခန်းမတွင် လက်လုပ်မိုင်းပေါက်ကွဲ ၊ရဲနှစ်ဦးသေဆုံး

0
213

နေပြည်တော် ဩဂုတ် ၄

မနေ့က နေ့လည် ၁ နာရီ ၄၀ ခန့်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ ညောင်ကုန်း(၄)ရပ်ကွက်ရှိ မြို့တော်ခန်းမ မှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်ပေးနေစဉ် မြို့တော်ခန်းမရှေ့ ဝင်ပေါက် အနီးမှာ လက်လုပ် Remote မိုင်း ၁ လုံးပေါက်ကွဲခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် မြို့တော်ခန်းမ အတွင်း ကာကွယ် ဆေးထိုးနှံနေမှုအား လုံခြုံရေးဆောင်ရွက်ပေးနေတဲ့ ရဲတပ်သား ထွန်းလင်းဇော် မိုင်းစထိမှန် ဒဏ်ရာ များရရှိကျဆုံးခဲ့ပြီး၊ ရဲတပ်သား အောင်လွင်ဖြိုးနှင့် ရဲဒုတပ်ကြပ် အောင်မျိုး တို့ တွင် ဒဏ်ရာများရရှိခဲ့ကာ ဖယ်ခုံမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသ‌ နေစဉ် ညနေ ၃ နာရီ ကျော်လောက်မှာ ရဲတပ်သား အောင်လွင်ဖြိုးလည်း ရရှိထားတဲ့ ဒဏ်ရာ များကြောင့် ထပ်မံကျဆုံးခဲ့တယ်လို့သိရပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် ကာကွယ်ဆေး လာရောက်ထိုးနှံ‌ နေတဲ့ ဒေါ်မူရိန်း(ဘ) ဦးတွက် နဲ့ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများတွင် လာရောက် ကူညီဆောင်ရွက်ပေးနေတဲ့စေတနာ့ဝန်ထမ်း ဦးနန္ဒဝေယံ(ဘ)ဦးမြင့်ဝင်း တို့လည်း မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့တာကြောင့် ဖယ်ခုံမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသ‌ပေးနေတယ်လို့သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here