Friday, January 3, 2025

ငွေကျပ်သိန်း(၅)ထောင်ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများနှင့်စိတ်ကြွဆေးပြားများကို မိုင်းပန်မြို့နယ်တွင်ဖမ်းမိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်တွင် ငွေကျပ်သိန်း(၅)‌ေထာင်ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများနှင့်စိတ်ကြွဆေးပြားများကို ဒီဇင်ဘာ ၂၈ ရက်နံနက် ၁၁ နာရီခွဲခန့်ကဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်တပ်ဖွဲ့ထံမှ သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မိုင်းပန်မြို့ နယ်၊...

တရားမဝင်စက်သုံးဆီများ သိုလှောင်ရောင်းချသူ(၁၇)ဦးကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅...

ပြည်မအတွင်းမှ စက်သုံးဆီများသယ်ဆောင်ရောင်းချခြင်းမပြုရန် ပိတ်ဆို့တားဆီးထားသည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ အချို့ဒေသများသို့ရောင်းချရန် တရားမဝင်စက်သုံးဆီများကိုသိုလှောင်ထားသူ(၁၇)ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လက်နက်ကိုင်အဖွဲ့များအခြေပြုနေထိုင်သည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိအချို့ဒေသများသို့ ရှောင်ကွင်းလမ်းများအသုံးပြုကာ သယ်ဆောင်ရောင်းချရန်...

ကမ္ဘောဒီးယား၌ ပလတ်စတစ်ကင်းစင်လမ်း လှုပ်ရှားမှုစတင်

ဖနောင်ပင်၊ဇန်နဝါရီ ၂ ကမ္ဘောဒီးယားနိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက နိုင်ငံတွင်းရှိလမ်းများ၌ အမှိုက်များနှင့် ပလတ်စတစ်အမှိုက်များကင်းစင်စေရန်အတွက် "ပလပ်စတစ်အမှိုက်ကင်းစင်သောလမ်းများ" လှုပ်ရှားမှုကို စတင်ခဲ့ကြောင်း ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ဗုဒ္ဓဟူးနေ့ကစတင်ခဲ့သည့် အဆိုပါ လှုပ်ရှားမှုသည်...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး The News...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးတင်မောင်ဆွေသည် Home and Abroad News Press မှချီးမြှင့်သည့် The News Person of the...
HomeNewsLocal Newsနိုင်ငံတစ်ဝန်း ရေပိုလွှဲရေထွက်ပေါက်မှရေကျော်နေသည့် ရေလှောင်တမံ...

နိုင်ငံတစ်ဝန်း ရေပိုလွှဲရေထွက်ပေါက်မှရေကျော်နေသည့် ရေလှောင်တမံ ၁၈ ခုထိ ရှိနေသော်လည်း စိုးရိမ်စရာမရှိဟုဆို

နေပြည်တော် ဩဂုတ် ၄

ယခုနှစ် မိုးရာသီကာလမှာ မိုးရွာသွန်းမှု များပြားကောင်းမွန်တာကြောင့် ရေလှောင်တမံတွေအတွင်း ရေဝင်ရောက်မှုများပြားလျက်ရှိနေကာ ရေလှောင်တမံ ရေထွက်ပေါက်တွေကနေ ရေကျော်နေတဲ့ ရေလှောင်တမံ ၁၈ ခု ထိရှိနေတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက သိရပါတယ်။

ဒီနှစ် မိုးရာသီမှာ မိုးဦးကျချိန် မှစ၍ နိုင်ငံတစ်ဝန်းမိုးရွားသွန်းမှု များပြားလျက်ရှိတာကြောင့် နိုင်ငံတစ်ဝန်းမှာရှိတဲ့ ရေလှောင်တမံတွေ အတွင်း ဆည်ရေ ဝင်ရောက်မှုမှာလည်း များပြားလနေတာပါ။ ယခင်နှစ် မိုးရာသီကာလနှင့်ယှဉ်ပါက လည်း ယခုနှစ်မှာ ရေလှောင်တမံတွေ အတွင်း ဆည်ရေဝင်ရောက်မှုမှာ ၅၀ % နှုန်းအထိ ပိုမိုများပြားလျက်ရှိပြီး ရေလှောင်တမံရေပိုလွှဲမှ ရေကျော်နေတဲ့ ရေလှောင်တမံပေါင်း ၁၈ ခုထိ ရှိနေတာပါ။

” ဩဂုတ် ၃ ရက်နေ့ထိကို ရေပိုလွှဲက ရေကျော်နေတဲ့ ရေလှောင်တမံက ၁၈ ခု ထိ ရှိနေပါတယ်။ နိုင်ငံတစ်ဝန်းမှာ ရှိတဲ့ ဆည်တွေထဲက ၁၈ ခုပါ။ မနှစ်ကဆို ရေကျော်တဲ့ ရေလှောင်တမံက ၇ ခု ပဲ ရှိခဲ့တာပါ။ အများကြ်ိးကျော်တာလဲမဟုတ်ပါဘူး။ ဒီနှစ်က ဧရာဝတီတိုင်းထဲက ရေလှောင်တမံ တစ်ခုဆိုရင် ၄ ပေ လောက်ထိ အများဆုံး ရေကျော်နေတာပါ။ ကျန်တာတွေကတော့ ၁ ပေ၊ ၂ ပေ၊ ၃ ပေ စသဖြင့်ပေါ့။ ဒီလိုရေကျော်တာ ကနှစ်တိုင်းမိုးရာသီဆို ဖြစ်နေကြပါ။ စိုးရိမ်စရာမရှိပါဘူး။ ဆည်အနီးအနားက ဒေသခံတွေအတွက်လဲ အန္တရာယ် သတိပေး အလံတွေစိုက်ထူပေးထားပါတယ်” လို့ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ထိုသို့ ရေပိုလွှဲမှ ရေကျော်နေတဲ့ ရေလှောင်တမံ ၁၈ ခု​ရဲ့ အနီးတဝိုက်တွင်နေထိုင်တဲ့ ဒေသခံပြည်သူတွေအတွက် အန္တရာယ်ရှိမရှိ သိရှိနိုငိစေရန် အချက်ပေးသည့် အလံတိုင်များ စိုက်ထူပေးထားကြောင်း၊ ပထမအခြေအနေအနေဖြင့် ရေပိုလွှဲမှ ရေစတင်ကျော်နေသည့် အတွက် အစိမ်းရောင်အလံများ စိုက်ထူပေးထားပြီး ပိုမိုများပြားလာပါက အဝါရောင်အလံနဲ့ အန္တရာယ်အဆင့်ရောက်လာပါက အနီရောင် အလံများ စိုက်ထူပေးသွားဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။

နိုင်ငံတစ်ဝန်းမှာ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ထိန်းသိမ်းထားသည့် ရေလှောင်တမံပေါင်း ၂၄၅ ခု ရှိတယ်လို့ သိရပါ တယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071