မန္တလေးအကျဉ်းထောင်အတွင်းထိန်းသိမ်းဖမ်းဆီးခံထားရသည့် NLDတိုင်းအစိုးရအဖွဲ မှ၀န်ကြီးဟောင်းအချို့အပါအဝင် ၆၀၀ကျော်ကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေး

0
82
မန္တလေး ဩဂုတ် ၄
မန္တလေး အကျဉ်းထောင်အတွင်းထိန်းသိမ်းဖမ်းဆီးခံထားရတဲ့ NLDတိုင်း အစိုးရအဖွဲ မှ၀န်ကြီးဟောင်း အချို့အပါအဝင် ၆၀၀ကျော်ကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ၁ရက်နေ့နောက်ပိုင်း အကျဉ်းထောင်အချုပ်စခန်းတွေထဲ ထိန်းသိမ်းဖမ်းဆီးခံထားရတဲ့ NLDအစိုးရအဖွဲ့ မှ၀န်ကြီးဟောင်းများနဲ့ ၀န်ကြီး ဒုဝန်ကြီး အချို့အပါအဝင် NLD ပါတီတာဝန်ရှိသူ အချို့ စီးပွါးရေး အကြံပေးမစ္စတာရှောင်တာနယ် စသူတွေကို ခုရက်ထဲ ကိုဗစ် ကာကွယ်ဆေးထိုးပေးခဲ့တာမှာ ဩဂုတ်လ၃ရက် ကမန္တလေးအကျဉ်းထောင်အတွင်း ထိန်းသိမ်းဖမ်းဆီးခံထားရတဲ့ NLDတိုင်း အစိုးရအဖွဲ မှ၀န်ကြီးအချို့ကိုပါ ကာကွယ်ဆေးထိုးပေးခဲ့တာပါ။
အကျဉ်းဦးစီးဌာနက ထုတ်ပြန်တဲ့ ဩဂုတ်လ ၃ရက်နေ့က မန္တလေးအကျဉ်းထောင်အတွင်းထိန်းသိမ်းဖမ်းဆီးခံထားရသူတွေထဲက ၆၀၀ကျော် ကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးတဲ့ဗီဒီယိုဖိုင်မှာ NLD မန်းတိုင်း အစိုးရအဖွဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန တိုင်းဒေသကြီး ဝန်ကြီးဒေါက်တာစိုးသန်း၊NLD မန်းတိုင်းအစိုးရအဖွဲ သယံဇာတနဲ့သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန တိုင်းဒေသကြီးဝန်ကြီးဦးမျိုးသစ်တိုရဲ့ ရုပ်ပုံတွေတွေ့ရပါတယ်။
အကျဉ်းဦးစီးဌာန ပြောခွင့်ရအရာရှိက ဒေါက်တာစိုးသန်း၊ ဦးမျိုးသစ်နဲ့ ဦးကျော်ဇေယျ တိုကို့ကာကွယ်ဆေးထိုးပေးခဲ့ပါတယ် လို့ပြောပါ တယ်။ ကာကွယ်ဆေး ထိုးနှံပေးတာမှာ ကိုယ်တိုင်ဆန္ဒပြုမှု၊ ဆရာ၀န်ရဲ့အကြံပြုချက်တွေနဲ့ လုပ်ဆောင်ပေးတာဖြစ်ပြီး အများစု ကထိုးနှံခဲ့ကြ တယ် လို့ နစကအကျဉ်းဦးစီးဌာန ပြောခွင့်ရအရာရှိကဆက်ပြောပြပါတယ်။
ဇူလိုင်၃၀ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး/ပဲခူးတိုင်းဒေသကြီး/ကရင်ပြည်နယ် ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ အကျဉ်းထောင်/စခန်းများ ၆ ခုမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခဲ့တဲ့အပြင်ဇူလိုင်၂၉ရက်ကလည်း အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူ ၇၉၀ ဦး၊ နေပြည်တော်အချုပ်ထောင်မှ အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူ ၃၁၅ ဦး၊ စုစုပေါင်း ၁၁၀၅ ဦး ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီးဖြစ်တယ်လို့လည်းသိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here