အမေရိကန်အနေနဲ့မြန်မာကို ကိုဗစ်ကာကွယ်ဆေးနဲ့အခြားထောက်ပံ့တာတွေပေးဖို့ ဝန်ကြီး ဦးဝဏ္ဏမောင်လွင်တိုက်တွန်း

0
348
Photo : mofamyanmar facebook
နေပြည်တော် ဩဂုတ် ၄
မြန်မာပြည်သူတွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်နိုင်ဖို့ အမေရိကန်အနေနဲ့ COVID-19 ကာကွယ်ဆေး အပါအဝင် အခြား ထောက်ပံ့မှုတွေ ပိုမိုပေးအပ်သွားသင့်တယ်လို့ နစက နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်တိုက်တွန်းပြောကြားလိုက်တယ်လို့ နစက နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့သတင်းတစ်ရပ်အရသိရပါတယ်။
ဩဂုတ်၃ရက်ကပြုလုပ်တဲ့ဒုတိယအကြိမ်မြောက် မဲခေါင်-အမေရိကန် မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ဝန်ကြီးများ အစည်းအဝေးသို့ နစက နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင် Video Conferencing စနစ်နဲ့ ပါဝင်တက်ရောက်စဉ် အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။
ဦးဝဏ္ဏမောင်လွင်က အမေရိကန် နိုင်ငံက မဲခေါင်နိုင်ငံများသို့ COVID-19 ဆိုင်ရာကူညီ ထောက်ပံ့မှုများအပေါ်ကျေးဇူးတင် အသိအမှတ် ပြုကြောင်းလည်း ပြောဆိုခဲ့ပါသေးတယ်။
Photo – MOFA Myanmar facebook
ဗွီဒီယိုကွန်ဖရင့်စနစ်နဲ့ ဩဂုတ်၃ရက်တဲ့ကျင်းပပြုလုပ်တဲ့ ဒုတိယအကြိမ်မြောက် မဲခေါင်-အမေရိကန် မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ဝန်ကြီးများ အစည်းအဝေး မှာကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နဲ့နိုင်ငံခြားရေး ဝန်ကြီး Mr. Prak Sokhonn ၊အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Mr. Antony J. Blinken တို့က ပူးတွဲ သဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ Mekong-U.S. Partnership ပူးပေါင်းဆောင်ရွက်မှု အဖွဲဝင်နိုင်ငံများဖြစ်တဲ့ လာအို၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများနဲ့အာဆီယံ အတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့တယ်လို့သိရပါတယ်။
အစည်းအဝေးမှာ နိုင်ငံခြားရေးဝန်ကြီးတွေက အမေရိကန်နိုင်ငံနဲ့ မဲခေါင် နိုင်ငံများ အကြား ထူထောင်ခဲ့တဲ့ မဲခေါင်-အမေရိကန် မိတ်ဖက်ပြု ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်ရဲ့ (၁)နှစ်တာ ကာလအတွင်း တိုးတက်အောင်မြင်မှု များအပေါ် သုံးသပ်ဆွေးနွေး ခဲ့ကြပါတယ်။
ဦးဝဏ္ဏမောင်လွင်က အမေရိကန်နိုင်ငံနဲ့ မဲခေါင်နိုင်ငံများရဲ့ အစိုးရ အရာရှိများအကြား တိုက်ရိုက်ဆက်သွယ်မှု တိုးမြှင့်နိုင်စေရန်ရည်ရွယ်တဲ့ မူဝါဒဆွေးနွေးပွဲများပြုလုပ်ဖို့နဲ့ ကျားမ တန်းတူရည်တူရှိမှု၊အမျိုးသမီး များ စွမ်းဆောင်ရည်မြှင့်တင်နိုင်မှုတို့အတွက် မူဝါဒဆွေးနွေးပွဲများ ကျင်းပ သွားလိုတဲ့ အမေရိကန်နိုင်ငံရဲ့အဆိုပြုချက်တွေကို ထောက်ခံတယ်လို့လည်း ပြောဆိုခဲ့တဲ့အကြောင်း နစက နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ သတင်းတစ်ရပ်အရသိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here