ဖေဖော်ဝါရီ(၁)ရက်နောက်ပိုင်း ဆန္ဒပြခြင်း‌ကြောင့်အပါအဝင် အမှုဖွင့်ခံထားရသူများကို အမှုရုပ်သိမ်းပေးမည်ဟု နစက ကြေညာ

0
215
နေပြည်တော် ဩဂုတ် ၄
တပ်မတော်မှ နိုင်ငံတော်အာဏာကို လွှဲပြောင်းထိမ်းသိမ်းလိုက်သည့် ဖေဖော်ဝါရီ(၁)ရက်နေ့နောက်ပိုင်းမှစတင်ကာ ဆန္ဒပြမှုအပါအဝင် ဆန့်ကျင့် လှုပ်ရှားမှုများကြောင့် အမှုဖွင့် ထားသူများကို ဥပဒေနှင့်အညီ အမှုပိတ်သိမ်း ပေးသွားမည်ဖြစ်ပြီး နီးစပ်ရာရဲစခန်း မြိုနယ်၊ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီရုံးများသို ယုံကြည်စိတ်ချစွာ ဆက်သွယ် သတင်းပေးပို့ကြရန် နစက က ကြေညာထားပါသည်။
ယခုကာလများအတွင်း ၊လူသတ်မှု၊ မီးရှို့မှု၊ မိုင်းထောင်ဖောက်ခွဲမှု လုံခြုံရေးတပ်ဖွဲ့ဝင်များ အားရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု ၊ပြည်သူ့ ဝန်ထမ်း နှင့်ပြည်သူအချို့အား အုပ်စုဖွဲတိုက်ခိုက်မှု၊ အစိုးရပိုင် အဆောက်အအုံများနှင့် ပုဂ္ဂလိကပိုင်အဆောက် အအုံ များအားဖျက်ဆီးမှု ၊CDM လှုပ်ရှားမှုများ အတွက် ငွေကြေးအရဖြစ်စေ၊ အခြားနည်းလမ်းအရဖြစ်စေ နက်ရှိုင်းစွာ ပါဝင်ခဲ့သူများမှအပ စိုးရိမ်စိတ်ကြောင့် ထွက်ပြေး တိမ်းရှောင်နေသူ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ဝန်ထမ်းများ အခြားနယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များ ၊နိုင်ငံသားများ အနေဖြင့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်မည်ဆိုပါက ၎င်းတို့အပေါ်ရေးဖွင့်ထားသည့် အမှုများအား ဥပဒေနှင့်အညီ ပိတ်သိမ်း၊ ရုပ်သိမ်းခြင်း များဆောင်ရွက်ပေးသွားမည်ဟု ကြေညာထားပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here