အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်အပြင်ဖက်တွင် တိုက်ခိုက်မှုဖြစ်ပွား၊ ရဲတစ်ဦးသေဆုံး၊ အခြားသူအချို့ ဒဏ်ရာရ

0
129
ဝါရှင်တန်၊ သြဂုတ် ၄
အမေရိကန်ပြည်ထောင်စု၏ ပင်တဂွန် စစ်ဌာနချုပ်အပြင်ဖက် Transit နေရာတွင် ဒေသစံတော်ချိန် အင်္ဂါနေ့(သြဂုတ် ၃ရက်)နေ့က တိုက်ခိုက်မှု တစ်ခုဖြစ်ပွားခဲ့ပြီး၊ လုံခြုံရေးရဲအရာရှိတစ်ဦးသေဆုံးကာ အခြားသူအချို့ ဒဏ်ရာရရှိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်ကပြောသည်။
သေဆုံးသူ ရဲအရာရှိမှာ ပင်တဂွန်ကာကွယ်ရေးတပ်ဖွဲ့မှ ဖြစ်ကြောင်း သူ၏ မိခင်ဌာနက အင်္ဂါနေ့ညက အတည်ပြုသည်။
အခင်းဖြစ်ပြီးလျှင်ပြီးချင်း ပင်တဂွန်စစ်ဌာနချုပ်ကို လော့ဒေါင်းချလိုက်ကြောင်း ပင်တဂွန်ကာကွယ်ရေးအဖွဲ့မှကြေညာထားသည်။
ထိုသို့ကြေညာပြီးနောက် တစ်နာရီခန့်အကြာတွင် လော့ဒေါင်းကိုပြန်လည်ဖြေလျော့ပေးလိုက်သည်။
အသေးစိပ်အချက်အလက်များကိုပြောကြားရန်ကိုမူ ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ငြင်းဆန်ပြီး၊ ယင်းအမှုကို ယခုအခါ FBI က တာဝန်ယူကာ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်းကိုသာ ပြောကြားသည်။
ပင်တဂွန်အဆောက်အအုံအနီးရှိ အေပီ သတင်းထောက်တစ်ဦးကမူ သေနတ်ပစ်သံများကြားရကြောင်း၊ ထို့နောက် ခေတ္တရပ်သွားပြီး၊ သေနတ်သံတစ်ချက်ထပ်မံကြားရကြောင်းပြောသည်။ အခြား အေပီသတင်းထောက်တစ်ဦးကမူ ရဲတပ်ဖွဲ့ဝင်များက “သေနတ်သမား”ဟု အော်သံကိုလည်းကြားရသေးကြောင်းဆိုသည်။
အခင်းဖြစ်ပွားချိန်တွင် ပင်တဂွန်မှ တာဝန်ရှိသူအကြီးအကဲအချို့သည် အိမ်ဖြူေတာ်တွင် သမ္မတ ဂျိုးဘိုင်ဒင်နှင့် အစည်းအဝေးပြုလုပ် လျှက်ရှိကြကြောင်းသိရသည်။
Ref: Police officer killed in violence outside Pentagon building
Photo: AP, AFP


LEAVE A REPLY

Please enter your comment!
Please enter your name here