ကိုဗစ်နဲ့ပါတ်သက်ပြီး အတိုင်းအတာတစ်ခုထိ ထိန်းနိုင်နေပြီလို့ နစကခေါင်းဆောင် အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် ဆို

0
207
နေပြည်တော် ဩဂုတ် ၄
ကိုဗစ်(၁၉)ရောဂါ တတိယလှိုင်းကို စံချိန်တင်ကူးစက်နှုန်းသေဆုံးနှုန်းတွေ ရှိခဲ့ပေမယ့် လက်ရှိကာလမှာတော့ အတိုင်းအတာတစ်ခုအထိ ထိန်းနိုင်တဲ့ အနေအထားဖြစ်နေပြီလို့ နစက ခေါင်း‌ဆောင်၊ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်ဖြစ်သူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။
နေပြည်တော် ဘုရင့်နောင်ရိပ်သာမှာ ပြုလုပ်ခဲ့တဲ့ ကိုဗစ်(၁၉)ကာကွယ်၊ကုသ၊ထိန်းချုပ်ရေးဆိုင်ရာ (၆)ကြိမ်မြောက်အစည်းအဝေးရဲ့ အဖွင့်မိန့်ခွန်းမှာ အခုလို ပြောဆိုခဲ့တာပါ။
လုပ်ငန်းများကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်တာကြောင့် ကိုဗစ်ကို ထိန်းနိုင်တဲ့အနေအထားရှိနေကြောင်းနဲ့ ဒုတပ်ချုပ်ရဲ့ ကော်မတီကနေအနီးကပ် နေ့စဉ်‌ ဆောင်ရွက်‌‌နေတာတွေကြောင့် လည်း အောင်မြင်မှု၊အဆင်ပြေမှုတွေရှိနေကြောင်းနဲ့ အားလုံး ပြီးပြည့်စုံပြီလို့ မဆိုနိုင်သော်လည်း ထိန်းချုပ်မှုတွေစတင်‌ ဆောင်ရွက်ချိန်ကစလို့ ကူးစက်နှုန်းက သိသိသာသာကျဆင်းသွားတယ်လို့ ‌နစက ခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။
နေ့စဉ်ကူးစက်နှုန်းက သုံးဆယ်ရာခိုင်နှုန်း ဝန်းကျင်သာရှိတော့တဲ့ အခြေအနေကနေ ထပ်မံကျဆင်းဖို့ဆောင်ရွက် ရမှာဖြစ်ပြီး လက်ရှိ အခြေအနေ ကနေ အခုဩဂုတ်လအတွင်းမှာ ကူးစက်နှုန်းကို ထက်ဝက်ကျော်လောက်အထိ ထပ်မံကျဆင်းဖို့ ဆောင်ရွက်လိုတယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
ကူးစက်နှုန်းကို ထိန်းချုပ်နိုင်ဖို့ ကန့်သတ်တားမြစ်ထားတဲ့ လှုပ်ရှားသွားလာမှုတွေကို ထိန်းချုပ်ဖို့နဲ့ ကာကွယ်ဆေးတွေကိုလည်း ပြည့်ပြည့်ဝဝ အမြန်ဆုံးထိုးနှံ‌ပေးဖို့ ဆောင်ရွက်ရမယ်လို့ တိုက်တွန်းခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here