“ဘဏ်များ စည်းကမ်းတကျညီညွတ်စွာဆောင်ရွက်လျှင် နိုင်ငံခြားငွေလဲလှယ်မှုမြင့်မားနေမှုကို ထိန်းသိမ်းနိုင်မည်ဟု ဗဟိုဘဏ်ဆို”

0
168
လက်ရှိဖြစ်နေတဲ့ နိုင်ငံခြားငွေဈေးနှုန်း မြင့်မားနေတဲ့ ကိစ္စကို ဘဏ်တွေကသာ စည်းကမ်းတကျညီညွတ်စွာ သတ်မှတ်ဘောင် အတွင်း ကနေ ဆောင်ရွက်ကြမယ်ဆိုရင် နိုင်ငံခြားငွေလဲလှယ်မှုမြင့်မားနေမှုကိစ္စကို ထိန်းသိမ်းနိုင်မယ်လို့ ဗဟိုဘဏ်ဒုတိယဥက္ကဌ ဦးဝင်းသော်က နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားတဲ့လုပ်ငန်း (A.D) လိုင်စင်ရ ဘဏ်တာဝန်ရှိသူတွေ ကိုပြောဆိုလိုက် တယ်လို့သိရပါတယ်။
 
 
နိုင်ငံခြားငွေဈေးနှုန်း မြင့်မားနေတဲ့ ကိစ္စကို ဘဏ်တွေကို ဝိုင်းဝန်းထိန်းသိမ်းဖို့ ညွှန်ကြားထားပေမယ့် ဈေးနှုန်းတွေက မြင့်မားလာနေဆဲ ဖြစ်တာကို တွေ့ရှိရတယ်လို့လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးဝင်းသော်က ပြောပါတယ်။
 
ကိုဗစ်-၁၉ ဖြစ်ပွါးနေချိန် အခြားကုန်စည်ဈေးနှုန်းတွေ မြင့်မားမှု မဖြစ်ပေါ်စေဖို့နဲ့ ဖြစ်သင့်တဲ့ ဈေးနှုန်းတစ်ခုမှာ နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်မှုရှိစေဖို့ ဘဏ်တွေက နိုင်ငံခြားရောင်းဝယ်မှုကို ကန့်သတ်ချက်အတွင်း ရောင်းဝယ်ကြဖို့ပါ ဦးဝင်းသော်က တိုက်တွန်းခဲ့ပါ သေးတယ်။
 
နောက်ပြီး နိုင်ငံခြားငွေရောင်းစျေး/ဝယ်စျေးကွာဟချက်ကို ကြေညာချက်ထုတ်ပြီး ယခင်ထက်လျှော့ချမယ်လို့လည်း ဘဏ်တွေကို ဦးဝင်းသော် က တစ်ပါတည်းအသိပေးခဲ့တယ်လို့သိရပါတယ်။
 
 
ဗဟိုဘဏ်ဘက်က ယခင်က နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်ခြင်းတွေ ဆောင်ရွက်ရာမှာ ရောင်းဈေးနဲ့ ဝယ်ဈေးနှုန်းအကြား ကွာဟချက် (Spread) ကို ၁% ထက် မပိုစေဘဲ သတ်မှတ်ဆောင်ရွက်ချက်ပေးခဲ့ပါတယ်။အဲ့ဒီ့အစား ရည်ညွှန်းငွေလဲလှယ်နှုန်းကို Mid rate အဖြစ် သတ်မှတ်ပြီး  ± ဝ.၈ % ဘောင်အတွင်းသာ ရောင်းဝယ်မှုပြုဖို့ ဗဟိုဘဏ်က ညွှန်ကြားချက်ထုတ်ပြန်မယ်လို့သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here