မိတ်ကပ်ပညာရှင် ခိုင်ခိုင်ကွယ်လွန်သွားတဲ့အပေါ် ဝမ်းနည်းစကားဆိုခဲ့ကြတဲ့ အနုပညာရှင်များ

0
185

မိတ်ကပ်ပညာရှင် တစ်ယောက်ဖြစ်တဲ့ ခိုင်ခိုင်ဟာ ဒီကနေ့ ဩဂုတ်လ ၅ရက်နေ့ မနက်ပိုင်းက ကိုယ့်ကိုယ်ကို အဆုံးစီရင်ကာ ကွယ်လွန် သွားခဲ့တယ်လို့ သိရပါတယ်။

ခိုင်ခိုင်ဟာ မကွယ်လွန်ခင် နာရီပိုင်းခန့်က သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာ “ ဘဝဆက်တိုင်း ဘုန်းကြီး ဖြစ်ရ၏။ ဆင်းရဲသူတွေ ကယ်ပေး မယ် ဘုရား” လို့ နောက်ဆုံးရေးသားခဲ့တာကို တွေ့ရပါတယ်။

မိတ်ကပ်ခိုင်ခိုင် ကွယ်လွန်သွားတဲ့အပေါ် အနုပညာရှင်တွေအများစု စိတ်မကောင်းဖြစ်နေကြပြီး ခိုင်ခိုင့် အတွက် အလှူများလည်း ပြုလုပ် ပေးတာကို တွေ့ရပါတယ်။

ခိုင်ခိုင်ဟာ ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ အသက်၂၉နှစ်အရွယ် မိတ်ကပ်ပညာရှင် တစ်ဦးဖြစ်ပြီး အဆိုတော်အမွန်းရဲ့ ပင်တိုင်မိတ်ကပ် ဆရာတစ်ယောက်လည်းဖြစ်ပါတယ်။

#Popularjournal
Photo-crd

 


LEAVE A REPLY

Please enter your comment!
Please enter your name here