လားရှိုးကိုဗစ်၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်ကုသရေးစင်တာမှာ ရောဂါသက်သာ၍ ဆေးရုံဆင်းသည့် အရေအတွက် များပြားလာ

0
185

Stay at home သတ်မှတ်ခံထားရတဲ့ လားရှိုးမြို့မှာတော့ ရောဂါကူးစက်ပျံ့နှံ့မှုနှုန်းဟာ ၂၀%-၂၅% ကြား လျော့ကျခဲ့ပြီး ရောဂါသက်သာပြီးဆေးရုံဆင်းရတဲ့ လူနာတွေဟာလည်း နေ့စဉ်နဲ့အမျှရှိတယ်လို့ လားရှိုးကိုဗစ်၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးစင်တာမှသိရပါတယ်။

ဩဂတ်လ (၆)ရက်နေ့မှာဆိုရင် စင်တာမှ ဆေးရုံဆင်းသူစုစုပေါင်း အယောက် (၂၀)ရှိပြီး ရိုးရိုးကုသဆောင်မှ ၄ ယောက်နှင့် ကြပ်မတ်ကုသဆောင်မှ ၁၄ ယောက်ရှိတယ်လို့ စင်တာမှ သိရပါတယ်။

လားရှိုးကိုဗစ်၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးစင်တာကို ဇွန်လ ၂၇ ရက်နေ့က လားရှို့မြို့ရဲ့ မိုးလုံလေလုံအားကစားခန်းမမှာ စတင်ဖွင့်လှစ်ခဲ့ပြီး လူနာဦးရေများလာကာ နေရာအခက်အခဲကြောင့် ဇူလိုင်လ ၃ရက်နေ့မှာ လားရှိုးပညာရေးကောလိပ်ကို ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါတယ်။

ဩဂုတ်လ ၇ ရက်နေ့ နေ့လည် ၁၂ နာရီ စာရင်းအရ စင်တာမှာကုသမှုခံယူနေတဲ့ လူနာစုစုပေါင်း (၂၉၁)ယောက်ရှိပြီး ရိုးရိုးကုသဆောင်မှာ ၂၄၅ယောက်နဲ့ ကြပ်မတ်ကုသဆောင်မှာ ၄၆ယောက်ရှိတယ်လို့ လားရှိုးကိုဗစ်၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်ကုသရေးစင်တာမှ အုပ်ချုပ်မှုကော်မတီအဖွဲ့ဝင် ဦးမောင်မောင်လင်းကပြောပါတယ်။

ဩဂုတ်လ ၆ရက်နေ့မှာ swab စစ်ထားတဲ့ အရေအတွက် ၃၅၇ ယောက်ရှိပြီး လောလောဆယ် ၁၈၅ ဦး၏ စစ်ဆေးချက်အဖြေအရ ပေါ့စတစ်လူနာ ၅၂ ယောက်ရှိနေပြီလည်း သိရပါတယ်။

Swab စစ်တဲ့အရေအတွက်များရခြင်းဟာလည်း လားရှိုးမြို့က ဘုန်းကြီးကျောင်းတွေကို တရက်ခြားတခါ ကျောင်းမှာရှိတဲ့သံဃာတော် အားလုံးကို swab test ယူပြီး စစ်ဆေးပေးတာကြောင့် ဖြစ်တယ်လို့လည်း ဦးမောင်မောင်လင်းက ပြောပါတယ်။

ဩဂုတ်လ (၇)ရက်နေ့မှာတော့ စင်တာမှဆေးရုံဆင်းသူ စုစုပေါင်း (၇၃) ယောက်ရှိပြီး ရိုးရိုးကုသဆောင်မှ ၆၉ ယောက်နှင့် ကြပ်မတ်ကုသဆောင်မှ ၄ ယောက်ရှိတယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here