နေပြည်တော်အတွင်းရှိ ပြည်သူများ​စားသုံးမှုအတွက် အသား၊ နို့နှင့် နို့ထွက်ပစ္စည်းများ ဖူလုံမှုရှိသည့်အပြင် ပြည်တွင်းဈေးကွက်များသို့ ရောင်းချနေရဟုဆို

0
78

နေပြည်တော် ဩဂုတ် ၉

နေပြည်တော်အတွင်းရှိ ပြည်သူများ​၏ စားသုံးမှုအတွက် အသား၊ နို့နှင့် နို့ထွက်ပစ္စည်းများမှာ ဖူလုံမှုရှိသည့်အပြင် ပြည်တွင်းဈေးကွက်များသို့ ရောင်းချနေရကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်း အရ ပြည်ထောင်စုနယ်မြေ နေပြည်တော် အတွင်း ဒေသနွားကောင်ရေ ၁၃၈,၆၅၂ ကောင် ၊ နို့စားနွား ၃၀,၁၀၅ ကောင် ၊ ဒေသကျွဲ ၃၀,၁၀၅ ကောင် ၊ နို့စားကျွဲ ၅၂၄ ကောင် မွေးမြူလုပ်ကိုင်လျက်ရှိကြကြောင်း၊ ဒေသနေ ပြည်သူများ ၏ စားသုံးမှု အတွက် အသား ၊ နို့ နှင့် နို့ထွက်ပစ္စည်း ဖူလုံမှုရှိသည့်အပြင်  ပြည်တွင်းဈေးကွက် သို့ တင်ပို့ ရောင်းချလျက်ရှိကြောင်းသိရသည်။

” ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ရေး နှင့် ပုံမှန်အခြေအနေ ပြန်လည် ရောက်ရှိရေး ကြိုးပမ်းစဉ် ကာလတွေအတွင်း စားနပ်ရိက္ခာ ဖူလုံရေး နှဲ့ ပြည်သူတွေ အာဟာရဓါတ်ပြည့်ဝစွာ စားသုံး နိုင်ရေး အတွက် စိုက်ပျိုးမွေးမြူသူ တောင်သူမတွေ၊ ပုဂ္ဂလိကတွေရဲ့ ထုတ်လုပ်မှုစွမ်းအားတွေရှင်သန် ပြည့်ဝစေဖို့ နည်းပညာနဲ့လိုအပ်ချက်တွေ စဉ်ဆက်မပြတ်ကူညီဆောင်ရွက်ပေးနိုင်ဖို့ ဆောင်ရွက်ပေးနေပါတယ်” ဟု စိုက်ပျို းရေး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦိးက ပြောသည်။

ထို့ပြင် မွေးမြူရေးကဏ္ ဍဖွံ့ဖြိုးရေးအတွက် လိုအပ်သော တိရစ္ဆာန်ဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်းများ၊ ရောဂါပျံ့နှံ့မှု နှင့် ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ၊ တိရစ္ဆာန်အစာနှင့် ဆေးဝါး သုတေသန လုပ်ငန်းများ၊ ပို့ကုန် သွင်းကုန်နှင့် ပြည်တွင်းအသုံးပြုမည့် တိရစ္ဆာန်အစာများ၏ အဟာရ တန်ဖိုး နှင့် အဆိပ်အတောက် ပါ၀င်မှု စစ်ဆေးပေးခြင်းလုပ်ငန်းများ ၊ နယ်စပ်ဖြတ် ကျော် တိရစ္ဆာန် ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ၊ လွှတ်ကျောင်း မွေးမြူ ခြင်းမှ  စိုက်ပျိုး ကျွေးမွေးရေးစနစ် ၊ အာဟာရ ပြည့်ဝသည့် တာရှည်ခံ တိရစ္ဆာန်အစာ ချဉ်ဖတ် ပြုလုပ် ကျွေးမွေးရေး နည်းစနစ်အသုံးပြုနိုင်ရေးလုပ်ငန်းများ အပါအဝင် မွေးမြူရေး ဆိုင်ရာ ခေတ်မီနည်း ပညာ အသိပညာပြန့်ပွားရေး လုပ်ငန်းများ ကို ဆောင်ရွက်ပေးလျက်ရှိရာ မွေးမြူရေးတောင်သူများ ၊ ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်းရှင် များအနေဖြင့် နီးစပ်ရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးများ တွင် ဆက်သွယ်အကူအညီ ရယူနိုင်ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here