Myanmar Muslin Aid(MMAID) မှ အောက်ဆီဂျင်အိုးများကို စျေးနှုန်းသက်သာစွာနဲ့ ရောင်းချပေးမယ်

0
235
ရန်ကုန်၊ဩဂုတ်၃
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲကြီး ပံ့ပိုးကူညီရေးကော်မတီ Myanmar Muslin Aid(MMAID) မှ ပစ္စည်းအစုံပါဝင်တဲ့ အောက်ဆီဂျင်အိုးတွေကို စျေးနှုန်းသက်သာစွာနဲ့ ရောင်းချပေးသွားမယ်လို့သိရပါတယ်။
ကိုဗစ်တတိယလှိုင်းအတွင်း အောက်ဆီဂျင်အရေးပေါ်လိုအပ်ချက်များကြောင့် MMAID အနေနဲ့ ယခုအချိန်မှာ Oxygen mobile plant များ တင်သွင်းလျက်ရှိပြီး သြဂုတ်လ ၁၁ ရက်နေ့မှာရောက်ရှိမယ့် Oxygen plant ကို သဃ်န်းကျွန်းမြို့နယ်၊ ဦးဖေတင်လမ်း၊ ပညာဒါနဝင်းအတွင်းမှာထားရှိမှာဖြစ်တယ်လို့သိရပါတယ်။
Oxygen plantဟာ တစ်နေ့ကို အောက်ဆီဂျင် ၄၀ လီတာအိုး ၁၂၀ ထွက်ရှိမယ်လို့သိရပါတယ်။
လကုန်ပိုင်းမှာလည်း အောက်စီဂျင်ထုတ်စက်တွေ ထပ်မံရောက်ရှိလာဖို့ရှိပြီးအဲဒီစက်ကတော့ ယခုစက်ထက် ၃ဆ ပိုထွက်မယ်လို့ MMAID မှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။
စက်တွေအားလုံးကို တရုတ်နိုင်ငံမှ မှာယူတင်သွင်းသွားမှာဖြစ်ပြီး လက်ရှိမှာတော့ လူပေါင်း ၂ သောင်းကျော်ကအောက်ဆီဂျင်အိုးပေါင်း ၇ သောင်းကျော်မှာယူထားတယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here