မြန်မာ့အရေးကိစ္စဆောင်ရွက်ဖို့ မြန်မာအထူးသံတမန်အဖြစ် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီးကို အာဆီယံက ရွေးချယ်

0
287
ရန်ကုန် ဩဂုတ် ၄
မြန်မာ့အရေးကိစ္စဆောင်ရွက်ဖို့ မြန်မာအထူးသံတမန်အဖြစ် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ Erywan Yusof ကို အာဆီယံကရွေးချယ်လိုက်ပြီလို့ နိုင်ငံတကာသတင်းတွေကဖော်ပြကြပါတယ်။
အာဆီယံဘက်က မြန်မာ့အရေးကိစ္စဆောင်ရွက်ဖို့ မြန်မာအထူးသံတမန်ရွေးချယ်ရေးကိစ္စကို လနဲ့ချီဆောင်ရွက်ခဲ့ရတာပါ။
မြန်မာ့အထူးသံတမန် ဟာ မြန်မာနိုင်ငံအရေး ဖြေရှင်းဖို့အပြင် လတ်တလေ ာမြန်မာပြည်သူတွေ လိုအပ်နေတဲ့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေကိုပေးနိုင်မယ်လို့ အာဆီယံကဆိုကြောင်း ဘီဘီစီသတင်းတစ်ရပ်ကဆိုပါတယ်။
ဒါ့အပြင် မစ္စတာ Erywan Yusof ဟာ ဇွန် ၄ ရက်နေ့က အာဆီယံ ကိုယ်စားပြုပြီး ဗိုလ်ချုပ်မူးကြီး မင်းအောင်လိူင်ကို နေပြည်တော်မှာ လာရောက်တွေ့ဆုံခဲ့သူလည်းဖြစ်သလို အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ဘရူနိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး -၂ လည်းဖြစ်တယ်လို့ ဘီဘီစီကဆိုထားပါတယ်။
အာဆီယံဘက်က မြန်မာ့အရေးကိစ္စဆောင်ရွက်ဖို့ မြန်မာအထူးသံတမန်ရွေးချယ်နေတာနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဩဂုတ်လ၁ရက်နေ့မိန့်ခွန်းထဲ “အာဆီယံရဲ့ အထူးကိုယ်စားလှယ်အဖြစ်ထားရှိဖို့ မူလအဆိုပြုထားတဲ့ ၃ ဦးအနက် ထိုင်းနိုင်ငံ၊ ဒုနိုင်ငံခြားရေးဝန်ကြီးဟောင်း Mr. Virasakdi Futrakul ကို သဘောတူထားပြီးသားပါ။ သို့သော် အကြောင်းအမျိုးမျိုးနဲ့ အဆိုပြုမှုအသစ်တွေထပ်လာခဲ့လို ရှေ့မတိုးနိုင်ဘူး ဖြစ်နေတာပါ။ ကျွန်တော့်အနေနဲ့ အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံလာရောက်ပြီး တွေ့ဆုံဆွေးနွေးရေး အပါအဝင် အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို အာဆီယံမူဘောင်အတွင်းက ဆောင်ရွက်ဖို အသင့်ရှိကြောင်းပြောလိုပါတယ်”လိုပြောဆိုထားတာရှိပါတယ်။
မြန်မာ့အရေးကိစ္စဆောင်ရွက်ဖို့ မြန်မာအထူးသံတမန်အဖြစ် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ Erywan Yusofကို အာဆီယံကရွေးချယ်လိုက်တာနဲ့စပ်လျဉ်းပြီး နစကဘက်ကတော့ တစ်စုံတစ်ရာတုန့်ပြန်တာမလုပ်သေးပါဘူး။
ယခုရက်ထဲကျင်းပခဲ့တဲ့ ဒုတိယအကြိမ် မဲခေါင်-အမေရိကန် မိတ်ဖက်ဆက်ဆံရေး ဝန်ကြီးများအဆင့်အစည်းအဝေးမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကင်က အာဆီယံ သဘောတူညီချက် ငါးရပ်နဲ့ ပတ်သက်ပြီးမြန်မာကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် နိုင်ငံများက အမြန်ဆုံးဆောင်ရွက်ကြရန်တိုက်တွန်းခဲ့တာရှိပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here