နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုကြောင့် ရေဘေးကြုံရတဲ့ လူဦးရေ ၃၀၀၀၀ ကျော်အတွက် ငွေကျပ်သိန်း ၇၃၀ ကျော် ထောက်ပံပေးထား

0
196

နေပြည်တော်၊ ဩဂုတ် ၉

ယခုနှစ် မိုးရာသီကာလတွင် နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် ရေဘေးကြုံကြရတဲ့ လူဦးရေ ၃၀၀၀၀ ကျော် အတွက် ထောက်ပံ့ငွေ စုစုပေါင်း ငွေကျပ်သိန်း ၇၃၀ ကျော် ကို ထောက်ပံ့ပေးထားတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သိရပါတယ်။

ယခု ဇူလိုင်လ ၂၀ ရက်နေ့မှစ၍ ဩဂုတ်လ ပထမပတ်အတွင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်နှငိ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေဖြစ်ပေါ်ကာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် အိမ်ထောင်စုပေါင်း ၈၃၀၀ ကျော် နှင့် လူဦးရေ ၃ဝဝဝဝ ကျော်မှာ ရေလွတ်ရာ ရေဘေးရှောင်စခန်းတွေမှာ ရှောင်နေခဲ့ကြရပြီး အဆိုပါ ရေဘေးရှောင် သူဦးရေ ၃၀၀၀၀ ကျော် တို့အတွက် လိုအပ်တဲ့ ကူညီထောက်ပံ့ကြေးများအဖြစ် စုစုပေါင်း ငွေကျပ်သိန်း ၇၃၀ ကျော်ကို ထောက်ပံ့ပေးထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

” ဩဂုတ်လ ၅ ရက်နေ့ထိ မှာတော့ တချို့ဒေသတွေမှာ ရေပြန်ကျသွားလို့ နေရပ်အသီးသီးကိုပြန်ကြတာတွေလည်း ရှိပါတယ်။ ရေဘေးရှောင် နေရာ တော်တော်များများကိုလည်း ပိတ်လိုက်ရပါပြီ။ ရေဘေးရှောင်တွေကို Mask တို့၊ လက်သန့်ဆေးရည်တို့၊ ဆပ်ပြာတို့ ၊ ဆန်ရိက္ခာဖိုး စတာတွေအတွက် ထောက်ပံ့ပေးခဲ့ရာမှာ စုစုပေါင်း ငွေကျပ်သိန်း ၇၃၀ ကျော် ထောက်ပံ့ပေးထားပြီးဖြစ်ပါတယ်” ဟု ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဉိးကပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here