စစ်တွေခရီးစဉ်ကို နေ့စဉ်ပျံသန်းပြေးဆွဲသွားမည်ဟု လေကြောင်းလိုင်းများကြေညာ

0
106

ရန်ကုန် – စစ်တွေ တိုက်ရိုက်ခရီးစဉ်များကိုနေ့စဉ်ပြေးဆွဲပေးသွားမယ်လို့ လေကြောင်းလိုင်းတွေကဒီကနေ့ ကြေညာပါတယ်။

နေ့စဉ်ပျံသန်းပြေးဆွဲမှုကို ဒီကနေ့ သြဂုတ်လ ၉ ရက်နေ့ကစပြီး ဆောင်ရွက်မှာ ဖြစ်ပြီး Air KBZ နဲ့ MAI အကျိုးတူပူးပေါင်းမှုအရ Embraer E190 နဲ့ ပြေးဆွဲမယ့် ခရီးစဉ်တွေလည်း ပါဝင်မယ်လို့ လေကြောင်းလိုင်းတွေက ဆိုထားပါတယ်။

ယခုကာလအတွင်း ခရီးသွားလာရာ MOHS နဲ့ ဒေသအာဏာပိုင်တွေ ချမှတ်ထားတဲ့ကျန်းမာရေးဆိုင်ရာစံသတ်မှတ်ချက်တွေကို တိတိကျကျလိုက်နာဆောင်ရွက်ကြဖို့ပါ လေကြောင်းလိုင်းတွေက တိုက်တွန်းထားပါတယ်။

COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ကာကွယ်ဖို့ ဆိုတဲ့ အမိန့်လမ်းညွှန်ချက်တွေ အရ ဩဂုတ်လ ၃၁ ရက်နေ့အထိ လားရှိုး၊ တာချီလိတ်၊ ကျိုင်းတုံ၊ ကလေး၊ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းလေကြောင်း ခရီးစဉ်တွေကို ယာယီရပ်ဆိုင်းထားတာရှိပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here