ဝေဠုကျော်ဖောင်ဒေးရှင်းမှ စျေးနှုန်းသက်သာစွာ ရောင်းချပေးထားသည့် အောက်ဆီဂျင်အိုး (၁၁၀၀) မြန်မာနိုင်ငံသို့ ရောက်ရှိ

0
504
ဝေဠုကျော်ဖောင်ဒေးရှင်းနှင့်တိုင်းရွှေအောင်ကုမ္ပဏီမှ ကြိုတင်စာရင်းပေးဝယ်ယူထားကြတဲ့ အောက်ဆီဂျင်အိုး အလုံး (၁၁၀၀) ဟာ ဩဂုတ်လ ၆ ရက်နေ့က မန္တလေးမြို့ကို ရောက်ရှိလာပြီလို့ သိရပါတယ်။
ဝေဠုကျော်ဖောင်ဒေးရှင်း အတွက်လိုအပ်တဲ့ ပစ္စည်းတွေမှာရင်းနဲ့ ပရဟိတအ ဖွဲတွေနဲ့ မိတ်ဆွေတွေအတွက် လိုအပ်တဲ့အောက်ဆီဂျင်အိုးတွေကိုပါ ကူညီတဲ့အနေနဲ့ တခါတည်း တင်သွင်းဖြစ်ခဲ့တယ်လို့ တိုင်းရွှေအောင်ကုမ္ပဏ္ဏီမှ မန်နေးဂျင်းဒါရိုက်တာ ကိုဇေလင်းနိုင်ကပြောပါတယ်။
ဩဂုတ်(၁၊၂၊၃)ရက်ကို ပစ္စည်းရောက်ဖို့မှန်းထားပေမယ့်လည်း ရာသီဥတုအခက်အခဲနဲ့ လက်ရှိဖြစ်ပွါးနေတဲ့ ကိုဗစ်၁၉ရောဂါဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်တွေကြောင့် ရောက်ရှိတဲ့ရက်နောက်ကျခဲ့ရတယ်လို့လည်း ကိုဇေလင်းနိုင်က ပြောပါတယ်။
တရုတ်ပြည်ဘက်ကနေ ပစ္စည်းသယ်ရတဲ့ အခက်အခဲကိုလည်း ကိုဇေလင်းနိုင်က ပြောပြထားပါတယ်။လက်ရှိစျေးကွက် ၅သိန်းကျော်ဝန်းကျင်ပေါက်စျေးရှိတဲ့ ၄၀L တအိုးကို ၂၇၀၀၀၀ နဲ့ရောင်းချပေးထားတာဖြစ်ပြီး ခုရောက်ရှိထားတဲ့ အရေအတွက် (၁၁၀၀)လုံးဟာ ကြိုတင်အော်ဒါမှာယူထားပြီးသား ပစ္စည်းတွေလို့လည်း သိရပါတယ်။
ဝေဠုကျော်ဖောင်ဒေးရှင်းကမတည်ထားတဲ့ Oxygen plant (၄)လုံးဟာလည်း မကြာခင် ထမ်မံရောက်ရှိလာတော့မယ်လို့ သိရပါတယ်။လမ်းခရီးကြန့်ကြာတာကြောင့် ဆီဂျင်အိုးတွေရောက်တာ နောက်ကျတဲ့အတွက်လည်း သည်းခံနားလည်းပေးဖို ဝေဠုကျော်ဖောင်ဒေးရှင်းက မေတ္တာရပ်ခံထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here