ရခိုင်ပြည်သူတွေရဲ့ အခက်အခဲကို ဖြေရှင်ပေးဖို့ ပြည်နယ်အစိုးရကို ANPကစာပို့တောင်းဆို

0
138

ကိုဗစ်ကပ်ရောဂါကာလ အတွင်း ရခိုင်ပြည်သူလူထု၏ အခက်အခဲကို ကူညီဖြေရှင်းပေးဖို့ ရခိုင်အမျိုးသားပါတီ ANPက နစကပြည်နယ်အစိုးရကို အိတ်ဖွင့်ပေးစာနဲ့ တောင်းဆိုလိုက်ပါတယ်။

ကိုဗစ်ကပ်ရောဂါကာလ အတွင်း ရခိုင်ပြည်သူလူထုရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးရမှာဖြစ်ပြီး ကျရောက်တဲ့ အန္တရာယ်တွေကို လူထုနဲ့ ပူးပေါင်း ဖြေရှင်းတာတွေလုပ်ဖို့လည်း ရခိုင်အမျိုးသားပါတီက တိုက်တွန်းခဲ့ပါသေးတယ်။

ရခိုင်အမျိုးသားပါတီက အဓိက တောင်းဆိုတာတွေက Covid – 19 ကပ်ရောဂါကာလ ရခိုင်ပြည်နယ်ရှိ ပြည်သူတွေကို အစားအစာကူညီထောက်ပံ့ဖို့၊ ကျန်းမာရေးစောင့်ရှောက်မှုကောင်းမွန်အောင် ဆောင်ရွက်ပေးဖို့၊ ကုန်ဈေးနှုန်းကျဆင်းပြီး တည်ငြိမ်ဖို့နဲ့ အလုပ်အကိုင်အခွင့် အလမ်း ဆုံးရှုံးပြီး ဝင်ငွေထိခိုက်မှု မရှိအောင် ဆောင်ရွက်ပေးဖို့ တွေ ဖြစ်တာကိုတွေ့ရပါတယ်။

လက်ရှိမှာ Covid – 19 ကပ်ရောဂါဟာ ရခိုင်ပြည်နယ် မြို့နယ်အားလုံး မြို့ပြ၊ ကျေးလက်၊ စစ်ဘေးရှောင်စခန်းပါမကျန် ပျံ့နှံ့ကူးစက်မှုတွေကြောင့် အသက် ဆုံးရှုံးမှုတွေ နေ့စဉ်ရက်ဆက် ကြုံတွေ့နေရတဲ့အပြင် နေ့စဉ်ရှာဖွေ စားသောက်နေရတဲ့ လက်လုပ်လက်စားသမားတွေ
အကျပ်အတည်းတွေနဲ့ ကြုံတွေ့နေကြရတယ်လို့လည်း ရခိုင်အမျိုးသားပါတီက ပြည်နယ်အစိုးရကို ပြောဆိုပါတယ်။

နေရာအချို့မှာ စားနပ်ရိက္ခာအကျပ်အတည်းတွေ ရင်ဆိုင်နေရတာတွေရှိနေတဲ့အကြောင်း၊ ရခိုင်ပြည်နယ်ရှိ နေရာဒေသအချို့နဲ့ စစ်ဘေးရှောင်စခန်းတွေအတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေက ပေးပို့တဲ့ လူသားချင်းစာနာတဲ့ အထောက်အပံ့ပေးမှုတွေကို မရတဲ့အကြောင်း စတာတွေကို ရခိုင်ပါတီက အိတ်ဖွင့်ပေးစာထဲ ထည့်သွင်းဆိုထားတာတွေ့ရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here