လာအိုရောက် မြန်မာရွှေ့ပြောင်းလုပ်သား၂၇၀ကျော် ယနေ့ မြန်မာဘက်ပြန်ဝင်လာ

0
213
တာချီလိတ်၊ဩဂုတ် ၈
လာအိုနိုင်ငံက စတ္ထုတအကြိမ်မြောက်အဖြစ် မြန်မာ​​ရွှေ့ပြောင်းလုပ်သား ၂၇၆ဦးကို ယနေ့ လွှဲပြောင်းပေးသဖြင့် မြန်မာဘက်တာဝန်ရှိသူများကလက်ခံဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
လာအိုနိုင်ငံ၊ ဘိုကျောက်ပြည်နယ်၊ ရွှေတြိဂံအထူးစီးပွါးရေးဇုန်တွင် အလုပ်သွားရောက် လုပ်ကိုင်ပြီး ယခုအခါ နေရပ်သို့ ပြန်လိုသော မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ကျား (၁၈၂)၊ မ(၉၄)၊ ပေါင်း (၂၇၆)ဦးတို့အား လာအိုနိုင်ငံတာဝန်ရှိသူများမှ လာအိုနိုင်ငံ မိုင်းမော့ဆိပ်ကမ်းမှတစ်ဆင့်တာချီလိတ်မြို့၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု ၊ ဝမ်ပုံဆိပ်ကမ်းသို့ လွှဲပြောင်းပေးလာခြင်းဖြစ်သည်။
လွှဲပြောင်းလာသော မြန်မာရွှေ့ပြောင်းအလုပ်သမား(၂၇၆)ဦးအား ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ညွှန်ကြားချက်နှင့်အညီ ကိုဗစ်-၁၉ ရောဂါရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ရာ ကျား(၂၈)ဦးနှင့် မ(၉)ဦး၊ပေါင်း(၃၇)တို့အား ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့သဖြင့် ၎င်းတို့အား ဝမ်လုံး Positive Centerတွင် လည်းကောင်း၊ အတူနေ မိသားစုဝင် မ(၂)ဦး၊ကျား(၄)ဦး၊ပေါင်း(၆)ဦးတိုအား ဝမ်လုံး Quarantine Centerတွင်လည်းကောင်း ပို့ဆောင်၍ ‌ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိသည်ဟု တာချီလိတ်ခရိုင် ထွေ/အုပ်ရုံးကပြောသည်။
ကိုဗစ်-၁၉ရောဂါမရှိသူများထဲမှ ရှမ်းရှေ့နေကျား(၁၀)ဦး၊မ(၅)ဦး၊ပေါင်း(၁၅)ဦးတို့အား ဝမ်လုံး Quarantine Centerတွင် ထားရှိဆောင်ရွက်ထားပြီး ကျန် ကျား(၁၄၀)ဦး၊ မ(၇၈)ဦး၊ ပေါင်း(၂၁၈)ဦး တို့အား ၎င်းတို့‌နေထိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးသို့ မော်တော်ယာဉ်ဖြင့် ပို့ဆောင်စေလွှတ်ခဲ့ဟု တာချီလိတ်ခရိုင် ထွေ/အုပ်ရုံးကပြောသည်။
Photo_ မြန်မာ-လာအိုနိုင်ငံနယ်စပ် မြန်မာနိုင်ငံဘက်ခြမ်း ဝမ်ပုံဆိပ်ကမ်းသို့ပြန်လာသော သူများ


LEAVE A REPLY

Please enter your comment!
Please enter your name here