ဂျပန်အနောက်တောင်ပိုင်းကို တိုင်ဖွန်းမုန်တိုင်းတစ်ခု ဝင်ရောက်

0
274
တိုကျို၊ သြဂုတ် ၉
“လူပစ် (Lupit)”လို့ အမည်ပေးထားတဲ့ တိုင်ဖွန်းမုန်တိုင်းဟာ ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာရှိတဲ့ ကျူးရှုးဒေသကို ဒီကနေ့ မနက်ပိုင်း က ဝင်ရောက်ခဲ့ပါတယ်။ မနေ့က ညပိုင်းမှာ လေပြင်းတိုက်ခတ်တာတွေနဲ့ မိုးသည်းထန်စွာ ရွာသွန်းတာတွေဖြစ်ပေါ် ခဲ့ပြီးတဲ့ နောက် ဒီကနေ့ သြဂုတ်လ ၉ ရက်မနက်ပိုင်းမှာတော့ အဲဒီတိုင်ဖွန်းမုန်တိုင်းဝင်ရောက်လာတာဖြစ်တယ်လို့ ဂျပန်နိုင်ငံ မိုးလေဝသဌာန ကဆိုပါတယ်။
ဒီကနေ့ မနက် ဒေသစံတော်ချိန် နံနက် ၅ နာရီလောက်မှာ ဂျပန်နိုင်ငံ ဟီရိုရှှီးမား စီရင်စုက ကူရေ မြို့အနီးကို မုန်တိုင်း ဝင်ရောက် ခဲ့တာဖြစ်ပြီး၊ အဲဒီကမှတစ်ဆင့် ဂျပန်ပင်လယ်ပြင်ထဲကို ဆက်လက်ထွက်ခွာသွားမှာဖြစ်တယ်လို့ မိုးလေဝသဌာနတွေကဆိုပါတယ်။
ဒါပေမယ့် နက်ဖြန် သြဂုတ် ၁၀ ရက်အထိ လေပြင်းတိုက်ခတ်တာတွေ၊ မိုးသည်းထန်စွာရွာသွန်းတာတွေဟာ ဂျပန်နိုင်ငံ အရှေ့ပိုင်း၊ အနောက်ပိုင်းနဲ့ မြောက်ပိုင်းဒေသအချို့မှာဖြစ်ပေါ်နေဦးမယ်လို့လဲ ဂျပန်နိုင်ငံမိုးလေဝသဌာနတွေကပြောပါတယ်။
အဲဒီ လူပစ် တိုင်ဖွန်းမုန်တိုင်းဟာ ၂၀၂၁ ခုနှစ်အတွင်း ဂျပန်ကိုဝင်ရောက်လာတဲ့ ၉ လုံးမြောက် မုန်တိုင်းဖြစ်တယ်လို့သိရပါတယ်။
Source: Xinhua


LEAVE A REPLY

Please enter your comment!
Please enter your name here