ရန်ကုန်သီရိမင်္ဂလာဈေးရှေ့မှ ယာဉ်ထိန်းရဲ ဓားထိုးခံရ

0
157

ရန်ကုန် သီရိမင်္ဂလာဈေးရှေ့မှာ တာဝန်ကျနေတဲ့ ယာဉ်ထိန်းရဲ တစ်ဦး ဒီကနေ့ သြဂုတ်လ၁၃ရက် နေ့လည်ပိုင်းက ဈေးရှေ့မှာပဲ ဓားထိုးခံ လိုက်ရတယ်လို့ သိရပါတယ်။

ဓါးထိုးခံလိုက်ရတဲ့ ယာဉ်ထိန်းရဲဟာ ဒုတပ်ကြပ်ကောင်းထက်ကိုကိုဆိုသူဖြစ်ပြီး ေ ဈးရှေ့ ယာဉ်ကြောရှင်းလင်းနေချိန် ဓါးထိုးခံ လိုက်ရတာဖြစ်ပါတယ်။

ကားတစ်စီးပေါ်ကနေဆင်းလာတဲ့ လူနှစ်ဦးက ဓါးနဲ့ ဝိုင်းထိုးတာလို့ အနီးနားက လူတွေကပြောပြကြပါတယ်။

လည်ပင်းနဲ့ ဝမ်းဗိုက်မှာ ဓါးဒဏ်ရာရခဲ့တဲ့ ယာဉ်ထိန်းရဲကို အမှတ် (၂) တပ်မတော် စစ်ဆေးရုံ(ကုတင်၅၀၀) သို့ပို့ဆောင်ထားတယ်လို့ သိရ ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here