အောက်ဆီဂျင် ၄၀လီတာအိုးများ ဈေးကျဆင်းလာ

0
92

ပြီးခဲ့တဲ့မေလကုန် ဇွန်လဆန်းကစလို့ မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းဟာ လျင်လျင်မြန်မြန်နဲ့ အရှိန်ဟုန်မြင့်တက်ခဲ့တဲ့အတွက် ရောဂါကူးစက်ခံရသူတွေနဲ့ အသက်သေဆုံးသူ အရေအတွက်လဲ များပြားခဲ့ပါတယ်။

နောက်ဆက်တွဲပြဿနာ တစ်ခုအနေနဲ့ကတော့ ကူးစက်ခံလူနာတွေမှာ အောက်ဆီဂျင် လိုအပ်ချက်တွေများပြားလာပြီးတော့ အဲဒီလိုအပ်ချက်တွေကြောင့်ပဲ အောက်ဆီဂျင်နဲ့ဆက်စပ်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေဟာလည်း အဆမတန်မြင့်တက်ခဲ့ရပါတယ်။

လက်ရှိအနေထားမှာတော့ အောက်ဆီဂျင် ၄၀လီတာအိုးတွေက ဈေးနှုန်းကျဆင်းလာနေတယ်လို့ သိရပြီး ယခင် ၄၀လီတာအိုး အလွတ်တစ်လုံးကို ၈သိန်းကျော်အထိဈေးပေါက်ခဲ့ရာ အခုဆိုရင် ၂သိန်းကျော်ဝန်းကျင်သာရှိတော့တယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here