အလုပ်သမားတစ်သန်းကျော်အား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမည်ဟုဆို

0
182

ပုဂ္ဂလိက အလုပ်သမားတွေကို ကိုဗစ်ကာကွယ်ဆေးစတင်ထိုးနှံပေးနေပြီး ကာကွယ်ဆေးထိုးနှံခွင့်ရမယ့် တိုင်းနဲ့ ပြည်နယ်အသီးသီးက မှတ်ပုံတင်ထားတဲ့ အလုပ်သမားအရေအတွက်က တစ်သန်းကျော်ရှိမယ်လို့ နစက အလုပ်သမားဝန်ကြီး ဌာနပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်က ပြောပါတယ်။

လက်ရှိမှာတော့ အလုပ်သမား အများစုရှိတဲ့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းက လုပ်သားတွေကို စတင်ထိုးနှံပြီး နေပြည်တော် အပါအဝင် ကျန်တိုင်း၊ပြည်နယ်တွေကို ဆက်လက်ထိုးနှံပေးမယ်လို့ ဝန်ကြီးက ပြောပါတယ်။

ကာကွယ်ဆေးတွေကို ပို့ပြီးသွားပါပြီ။ တိုင်း ၄တိုင်းက အလုပ်သမားတွေကို အရင် ထိုးနှံပေးရတာက လုပ်သားများတယ် ၊စုစည်းလို့ လွယ်တယ်။ နောက်ပြီး တိုင်းနဲ့ ပြည်နယ် ၁၄ခုထဲ တိုင်း ၄တိုင်းက အလုပ်သမားအများဆုံးဖြစ်လို့ တိုင်း ၄တိုင်းနဲ့ စရတာ၊ ပြီးတာနဲ့ အခြား တိုင်းတွေကို ဆက်ထိုးပေးသွားမှာပါ လို့ ဝန်ကြီးဦးမြင့်ကြိုင်က ရှင်းပြပါတယ်။

ကာကွယ်ဆေးထိုးပေးနေတဲ့ တိုင်းလေးတိုင်းက အလုပ်သမားအရေအတွက်က ရှစ်သိန်းကိုးသောင်းကျော်ရှိတယ်လို့ ဝန်ကြီးက ဆက်ပြော ပါတယ်။

ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေရာမှာ လူမှုဖူလုံရေးသွင်းတဲ့ အလုပ်သမားသာ ထိုးနှံပေးတာမဟုတ်ဘဲ လူမှုဖူလုံရေး မသွင်းထားတဲ့ အလုပ်သမားတွေကိုပါ ချန်လပ်မထားဘဲ ထိုးပေးမယ်လို ဝန်ကြီးကပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here