“ကိုဗစ်(၁၉)ရောဂါဖြစ်ပွားနှုန်းကို အခုလအတွင်းတဝက်၊ ခေါက်ချိုး ကျသည်အထိဆွဲချ‌နိုင်ရေး ကြိုးစားသွားမယ်လို့ နစက ခေါင်းဆောင်ဆို”

0
134
နေပြည်တော် ဩဂုတ် ၁၀
နေပြည်တော် ကဘုရင့်နောင် ရိပ်သာ အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်တဲ့ ကိုဗစ် (၁၉)ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၇)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝးမှာ နစက ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်း‌အောင်လှိုင်က ကိုဗစ်(၁၉)ရောဂါ ဖြစ်ပွားနှုန်းကို တဝက်အထိဆွဲချသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။
ကမ္ဘာ့နိုင်ငံများနဲ့ အိမ်နီးချင်းနိုင်ငံ‌ တွေမှာလည်း ဖြစ်ပွားမှုနှုန်းကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်‌ နေတာကို တွေ့ရှိရမှာဖြစ်ပြ ရောဂါကူးစက် ဖြစ်ပွားမှုအနေဖြင့် ဇူလိုင် ၈ ရက်ညပိုင်းအထိ တစ်ကမ္ဘာလုံးတွင် ရောဂါပိုးအတည်ပြု သူ ၂၀၂ သန်းကျော်၊ သေဆုံးသူ ၄ ဒဿမ ၃ သန်းကျော် ရှိပြီဖြစ်တယ်လို့ ထည့်သွင်းအသိပေးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာလည်း ရောဂါပိုးအတည်ပြုသူ ၃ သိန်း ၂ သောင်းကျော်နဲ့ သေဆုံးသူ ၁ သောင်း တစ်ထောင် ကျော်ရှိ‌ နေပြီဖြစ်ပါတယ်။
ကူးစက်ဖြစ်ပွားမှုနှုန်းကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ် ထားနိုင်တယ်ဆို‌ ပေမယ့်လည်း စိတ်ချရတဲ့ အနေအထားမှာ မရှိသေးဘူးလို့ နစကခေါင်းဆောင်က အသိပေးခဲ့ပါတယ်။
ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်းကို လည်းအခုဩဂုတ်လမှာ တစ်ဝက်၊ ခေါက်ချိုးကျသည်အထိ ဆွဲချ နိုင်ရေး ကြိုးစားလုပ်ဆောင် သွားမှာ ဖြစ်ပြီး၊ ယခင်က ၄၀၀၀ ဦးခန့်ဖြစ်ပွားမှုကို ၂၀၀၀ ဦး အထိ လျော့ကျနိုင်ရေး လုပ်ဆောင်သွားမယ်လို့ လည်း နစကခေါင်း‌ ဆောင်က ဆိုပါတယ်။
နောက်လများမှာလည်းအခုထက်ပိုမိုကျ ဆင်းအောင် ဆက်လက်ကြိုးပမ်း လုပ်ဆောင်သွားကြရမည်ဖြစ်ပြီး ဩဂုတ်လ ၁ ရက်နေ့တွင် ကူးစက်ဖြစ်ပွားသူ ၃၄၀၀ ကျော်ရှိခဲ့ပြီး ၈ ရက်နေ့တွင် ကူးစက်ဖြစ်ပွား ၃၂၀၀ ကျော်ဖြစ်ကြောင်း၊ ရာခိုင်နှုန်းအားဖြင့် ၃၀ ရာခိုင်နှုန်း ပတ်ဝန်း ကျင်တွင် ရှိနေကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး တို့တွင် ရောဂါ ကူးစက်ဖြစ်ပွားမှု များကို အမြန်ဆုံးဆွဲချပေးနိုင်ခဲ့ ကြောင်း၊ လူဦးရေ ထူထပ်များပြားသည့် တိုင်းဒေသကြီးများအနေနဲ့ အထူး ဂရုစိုက်ရန် လိုအပ် မည်ဖြစ်ကြောင်း ကိုလည်း ထည့်သွင်းသတိပေးခဲ့ပါတယ်။
မြို့ကြီး များမှာ လိုက်နာမှုရှိပြီး လျော့ကျလျက်ရှိ‌ နေပေမယ့် အချို့မြို့များ၊ ဒေသများတွင် ပုံမှန်အတိုင်းလှုပ်ရှား သွားလာလျက်ရှိသည် ကို တွေ့ရှိရ တာကြောင့် ပေါ့ပေါ့ဆဆ နေထိုင်သွားလာလှုပ်ရှားမှုများကို မလုပ်ကျစေလိုဘဲ သက်ဆိုင်ရာဒေသများရှိ တာဝန်ရှိသူများ အနေဖြင့် လည်း နေရာဒေသမရွေး ကျန်းမာ ရေး ဆိုင်ရာ အသိပညာပေးမှုများ၊ လိုက်နာရန်လိုအပ်သည်များကို လူတိုင်းသိရှိအောင် လုပ်ဆောင်ပေးဖို့ ပြောဆိုခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here