ကုန်သွယ်ရေးလမ်းကြောင်းစုံမှ ရေထွက်ကုန်ပစ္စည်းများ ပုံမှန်တင်ပို့နေရ

0
191
နေပြည်တော် ဩဂုတ် ၁၀
လက်ရှိ ကိုဗစ် ၁၉ ရောဂါ အခြေအနေတွေကြောင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေ အချို့ ကန့်သတ်ပိတ်ထားမှုတွေ ရှိနေသော် လည်း ထိုင်းနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း၊ ပင်လယ်ရေလမ်းကြောင်း၊ လေကြောင်းကုန်သွယ်ရေးလမ်းကြောင်းတို့ကတဆင့် ရေထွက်ကုန်ပစ္စည်းတွေ ပုံမှန်တင်ပို့နေရတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။
လက်ရှိကာလမှာ ကိုဗစ် ၁၉ ကြောင့် အစိုးရုံးတွေ၊ အများပြည်သူအလုပ်တွေကို ယာယီပိတ်ထားရပြီး နယ်စပ်ကုန်သွယ်ရေး ဂိတ်အချို့ လည်း ယာယီပိတ်ထားရကာ ပြည်ပပို့ကုန်အများစုမှာလည်း ယာယီတင်ပိုခွင့်ရပ်နားထားရတာပါ။
သိုသော် ပင်လယ်ရေကြောင်း၊ မြဝတီ၊ ကော့သောင်းနှင့် ထီးခီးနယ်စပ်တို့နှင့် လေကြောင်းတို့ကတဆင့် ရေထွက်ကုန်တွေကို ပုံမှန် တင်ပို့နေရပြီး လက်ရှိ အများပြည်သူအလုပ်ပိတ်ရက်၊ ရုံးပိတ်ရက်တွေအတွင်း မှာလည်း မစ်ထရစ်တန် ၇၅၀၀ ကျော်ထိ တင်ပို့ထားနိုင်နေတယ်လို့သိရပါတယ်။
” ရေထွက်ကုန်ပြည်ပတင်ပို့မှုက နယ်စပ်ဂိတ်တွေထဲမှာတော့ တရုတ်နယ်စပ်က မရှိသလောက်နည်းပါတယ်။ အဓိကက မြဝတီ၊ ကော့သောင်း၊ ရနောင်း၊ ထီးခီးတို့ ကနေ အများဆုံးထွက်နေပါတယ်။ ကျန်တာကတော့ ရေကြောင်းနဲ့ လေကြောင်းတွေကနေ ကွန်တိန်နာတွေ နဲ့လဲ သွားနေပါတယ်။” ဟု ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
လက်ရှိ ရုံးပိတ်ရက်ကာလ အတွင်း ရေထွက်ကုန်တင်ပို့မှုမှာ ပင်လယ်ရေကြောင်းမှ တင်ပိုသည့် ကွန်တိန်နာ (၁၂၅) လုံး၊ မက်ထရစ် တန်(၂၉၀၄ ဒသမ ၅၃၀)၊ အမေရိကန်ဒေါ်လာ (၆ ဒသမ ၄၆၆)သန်း၊ လေကြောင်းမှ မက်ထရစ် တန်(၁၀၄၂ ဒသမ ၄၀၆)၊ အမေရိကန်ဒေါ်လာ(၅ ဒသမ ၀၅၆)သန်း မြဝတီ၊ ကော့သောင် နှင့် ထီးခီးနယ်စပ် ထွက်ပေါက်များမှ မက်ထရစ်တန်(၃၅၇၆ ဒသမ ၃၄၈)၊ အမေရိကန် ဒေါ်လာ (၄ ဒသမ ၁၀၃)သန်းတန်ဖိုးရှိ ရေထွက်ကုန်ပစ္စည်းများ ပြည်ပတင်ပိုနိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here