ကိုဗစ်ကာကွယ်ဆေးမထိုးနှံသည့် ဝန်ထမ်းများအား CNN မှ အလုပ်ထုတ်

0
133
အတ္တလန်တာ၊ သြဂုတ် ၁၀
ကိုဗစ်ကာကွယ်ဆေး မထိုးပဲ ရုံးတက်လာသည့် ဝန်ထမ်း ၃ ဦးအား CNN သတင်းဌာနက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက အလုပ်မှ ထုတ်ပစ်ခဲ့ကြောင်း ဌာနတွင်းဖြန့်ဝေသည့် ရုံးစာတစ်စောင်အရ သိရသည်။
CNN သတင်းဌာန တစ်ခုလုံးတွင် ကာကွယ်ဆေးမထိုးနှံသူ လုံးဝမရှိစေရဟူသည့် မူဝါဒဖြင့် ဆောင်ရွက်လျှက်ရှိကြောင်း ယင်းစာတွင် ဖော်ပြထားသည်။
သတင်းခန်း၊ အားကစားသတင်းဌာနနှင့် ရိုက်ကူးရေး ထုတ်လွှင့်ရေး စတူဒီယို အစရှိသည့် ဌာနအားလုံးမှ ဝန်ထမ်းများသည် မုချကာကွယ် ဆေးထိုးနှံခြင်းပြုလုပ်ရန်နှင့် ညွှန်ကြားချက်ကို မလိုက်နာသူများအား ယခုလအတွင်းတွင် ရှင်းလင်းမည်ဖြစ်ကြောင်းကိုလည်း အဆိုပါ ရုံးစာတွက်ဖော်ပြထားသည်။
Ref: CNN fires three employees who came to office unvaccinated – memo


LEAVE A REPLY

Please enter your comment!
Please enter your name here