တူရကီတောမီးသင့် တိလေးတွေအတွက် အခမဲ့ဆေးရုံဖွင့်လှစ်

0
142
အန်ကာရာ၊ သြဂုတ် ၁၀
တူရကီ တောမီးသင့် တိရိစ္ဆာန်လေးတွေအတွက် ဆေးရုံတစ်ခုကို တောထဲမှာပဲဖွင့်လှစ်လိုက်ပါပြီ။
တူရကီနိုင်ငံ တိရိစ္ဆာန်များ အခွင့်အရေးအသင်း (Animal Rights Federation in Turkey – HAYTAP)က ခုလို ဖွင့်လှစ်လိုက် တာဖြစ်ပါတယ်။ တောမီးသင့်ခဲ့တဲ့ တူရကီကမ်းခြေဒေသ Antalya ခရိုင်က မီးဘေးသင့် တိရိစ္ဆာန်လေးတွေကို ကုသပေးဖို့ဖွင့်လိုက်တာပါ။ ဆေးရုံမှာ ခေတ်မီ ပစ္စည်းကိရိယာတွေ တပ်ဆင်ထားပြီး၊ ကြောင်လေး၊ ခွေးလေးတွေ သိုးလေး မြည်းလေးတွေကို အခု ကုသပေးနေ ပြီဖြစ်ပါတယ်။ ကုသမှုအတွက်လဲ အခကြေးငွေမယူပဲ ကုသိုလ်ဖြစ်ကုသပေးနေတာဖြစ်တယ်လို့သိရပါတယ်။
Source: CGTN


LEAVE A REPLY

Please enter your comment!
Please enter your name here