နေပြည်တော်မှ stay at home သတ်မှတ်ထားသည့်မြို့နယ်များတွင် စည်းကမ်းမလိုက်နာဘဲ သွားလာခြင်းများတွေ့ရှိ၍ တစ်နေ့ ဦးရေ ၂၀ အထက် အရေးယူခဲ့ရ

0
183
နေပြည်တော် ဩဂုတ် ၁၁
နေပြည်တော်မှ stay at home သတ်မှတ်ထားသည့်မြို့နယ်များတွင် စည်းကမ်းမလိုက်နာဘဲ သွားလာခြင်းများတွေ့ရှိပါက အရေး ယူမည်ဖြစ်ရာ ဩဂုတ်လ ၆ ရက်နောက်ပိုင်း တစ်ရက်လျှင် လူဦးနေ ၂၀ ကျော်ထိ အရေးယူထားခဲ့ရကြောင်း ဇမ္ဗူသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
နေပြည်တော်တွင် stay at home သတ်မှတ်ထားသည့်မြိုနယ်၃မြိုနယ်၌အသွားအလာကန့်သတ်ခြင်းများပြုလုပ်၍ check point များထားရှိကာ ကိုဗစ်၁၉ သတ်မှတ်စည်းကမ်းများနှင့်အညီသွားလာခြင်းရှိမရှိစိစစ်ကြပ်မတ်လျက်ရှိပြီး ပြည်သူများအား Mask များ အခမဲ့ပေးဝေ ကာ အသိပညာပေးခြင်းများလည်း ဆောင်ရွက်ခဲ့ပြီးဖြစ်၍ ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၆ရက်နေ့မှစ၍ သတ်မှတ် စည်းကမ်းနှင့် မညီညွတ်ဘဲ ထောက်ခံချက် လက်မှတ်မပါဘဲ သွားလာမှုများ စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာတည်ဆဲ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက် ခဲ့ရာ ဩဂုတ်လ ၈ ရက်နေ့ထိတွင် တစ်ရက်လျှင် လူဦးရေ ၂၀ ကျော် စည်းကမ်းမလိုက်နာမှုများ စစ်ဆေးတွေ့ရှိရ၍ အရေးယူခဲ့ရကြောင်း သိရသည်။
” ဩဂုတ်လ ၆ ရက်နေ့ကနေ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်လက်မှတ် မပါဘဲ သွားလာတာတွေ စစ်ဆေးတွေ့ရှိ ရလို့တည်ဆဲဥပဒေတွေနဲ့ အရေးယူခဲ့တာပါ။ အဲ့ရက်ကနေ နောက်ပိုင်းရက်တွေမှာ တစ်ရက်ကို စည်းကမ်းမလိုက်နာတဲ့ လူဦးရေ ၂၀ ကျော် ၃၀ လောက်ကို သက်ဆိုင်ရာတရားရုံးတွေမှာ အရေးယူဒဏ်ရိုက်ပြီး ပြန်လွှတ်ပေးခဲ့ပါတယ်”ဟု ဇမ္ဗူသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးတို့အတွက် Stay Home မြို့နယ်အဖြစ် သတ်မှတ်ထားသည့် မြို့နယ် သုံးခုရှိပြီး ၎င်းတိုမှာ ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ် တို့ဖြစ်ကြကြောင်း၊ အဆိုပါ မြို့နယ်များအတွင်း မြို့နယ်တစ်ခုမှ တစ်ခုသို့ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူး ၏ ထောက်ခံချက်လက်မှတ်ဖြင့်သာ ဖြတ်သန်းသွား လာခွင့်ပြုထားရာ ဩဂုတ်လ ၆ ရက်နေ့မှစ၍ အဆိုပါ ထောက်ခံချက်မပါဘဲ သွားလာသူများက်ု စစ်ဆေးတွေ့ရှိ ရပါက တည်ဆဲဥပဒေ များအရ အရေးယူဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မြို့နယ်တစ်ခုနဲ့ တစ်ခု ၏ နယ်စပ်တွေမှာ check point များထားရှိပြီး Stay Home သတ်မှတ်တဲ့အချိန်ကတည်းက ဖြတ်သန်းသွားလာသူတွေကို စစ်ဆေးနေတာဖြစ်ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်တွင် check point ၁၀ ခုနှင့် ပျဉ်းမနားမြို့နယ်တွင် Check point ၉ ခု တိုဖြင့် စစ်ဆေးဆောင်ရွက်ပေးလျက်ရှိပြီး ဩဂုတ် ၉ ရက်မှစ၍ စည်းကမ်းလိုက်နာမှုရှိလာကြတယ်လို့ ဆိုပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here