အမေရိကန်က မြန်မာပြည်သူ၇သိန်းကျော်အကျိုးရှိစေမည့် ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော် ပေးအပ်ရန်ရှိ

0
142
အမေရိကန်ပြည်ထောင်စုက မြန်မာပြည်သူတွေ အတွက် အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော် ထောက်ပံ့သွားမယ်အကြောင်း ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီးသောမတ်စ်-လင်ဒါ ဂရင်းဖီးလ် ကနေတဆင့် အသိပေးလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုက ထောက်ပံ့သွားမယ့် အမေရိကန်ဒေါ်လာ သန်း၅၀ကျော်ဟာ အကြမ်းဖက်နှိပ်ကွပ်မှုတွေကြောင့်နေရပ် စွန့်ခွာ ထွက်ပြေးနေရသူတွေ အပါအဝင် မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာအရေးပေါ်အကူအညီဖြစ်တယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး သောမတ်စ်-လင်ဒါ ဂရင်းဖီးလ် က သူမရဲ့ခုရက်ထဲ ထိုင်းနိုင်ငံ တရားဝင်ခရီးစဉ် အတွင်းပြော ဆိုခဲ့ပါတယ်။
အကူအညီငွေတွေကို နိုင်ငံတကာနဲ့ အစိုးရမဟုတ်တဲ့ မိမိတို့ရဲ့ မိတ်ဖက်အဖွဲအစည်းတွေကို အမေရိကန်က ပေးအပ်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သံအမတ်ကြီး ဂရင်းဖီးလ်ပြောကြားခဲ့တဲ့ မြန်မာပြည်သူတွေကို ပေးအပ်မယ့် အကူအညီငွေတွေနဲ့ ပါတ်သတ်ပြီး မြန်မာနိုင်ငံက ထွက်ပြေးလာရသူတွေ မြန်မာနိုင်ငံတလွှား စွန့်ခွာထွက်ပြေးလာရသူတွေ အပါအဝင် မြန်မာပြည်သူတွေ အတွက် အရေးပေါ်စားနပ်ရိက္ခာအကူအညီ၊ အသက်ကယ်တင်စောင့်ရှောက်ရေး၊ မရှိမဖြစ်ကျန်းမာရေး စောင့်ရှောက်မှု၊ ရေ၊ မိလ္လာနဲ့ တစ်ကိုယ်ရေးသန့်ရှင်းရေးဝန်ဆောင်မှုအကူအညီတွေကို ပေးအပ်နိုင်မှာဖြစ်တယ်လို့ သတင်းတစ်ရပ်ထုတ်ပြန်ထားတာရှိပါတယ်။
အမေရိကန်ဟာ ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် ထိုင်းနိုင်ငံကို ဒေါ်လာ ငါးသန်းအကူအညီပေးအပ်ခဲ့သေးတယ်လို့လည်း သိရပါတယ်။
အခုအကူအညီကို လူသားချင်းစာနာမှုအကူအညီလိုအပ်မှုမြင့်တက်လာနေတဲ့ အရေးပေါ်အချိန်မှာ ပေးအပ်တာဖြစ်ပြီး ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံမှ ပြည်သူတွေရဲ့ အသက်တွေ အပေါ် ကိုဗစ်-၁၉ သက်ရောက်မှုတွေ လျှော့ချပေးရာမှာ အထောက်အကူပြု မှာဖြစ်တယ် လို့လည်း အမေရိကန်က ဆိုထားပါတယ်။
အမေရိကန်သံရုံးက မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံအတွင်းက ထိခိုက် ခံစားရလွယ်ကူတဲ့ မြန်မာပြည်သူတွေကို အကူအညီများပေးနိုင်မည်ဖြစ်ပြီး မြန်မာပြည်သူ ၇၀၀,၀၀၀ ကျော်အတွက် အကျိုးရှိစေမည်ဖြစ်ကာ လူ့အသက်ကယ်ဆယ်စောင့်ရှောက်ရေး အကူအညီအတွက် လည်း ကူညီပံ့ပိုးပေးနိုင်မယ်လို ပြောဆိုထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here