စစ်ကိုင်း၊ မင်းကွန်း၊ မင်းဝံတောင်ရိုးကြီး၃ရပ်ရှိ ရဟန်းသာမဏေသီလရှင်ယောဂီ၂၀၀၀ကျော်အား ကာကွယ်ဆေးထိုးနှံ

0
234

စစ်ကိုင်း၊ မင်းကွန်း၊ မင်းဝံတောင်ရိုးကြီး ၃ရပ်မှာ သီတင်းသုံးနေထိုင်နေကြတဲ့ ရဟန်းသာမဏေ သီလရှင်ယောဂီ၂၀၀၀ကျော်ကို ကိုဗစ် ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီလို့ သီတဂူသတင်းနဲ့ ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အဘိဓဇမဟာရဋ္ဌဂုရုသီတဂူဆရာတော်ဘုရားကြီးရဲ့ လမ်းညွှန်မှုနဲ့စစ်ကိုင်း၊ မင်းဝံ၊ မင်းကွန်းတောင်ရိုးကြီး (၃)ရပ်ရှိ ရဟန်း၊ သာမဏေ၊ သူတော်၊ သီလရှင်၊ ယောဂီ စုစုပေါင်း (၂၁၅၂)ဦးကို ကိုဗစ် ကာကွယ်ဆေး ထိုးနှံပေးခဲ့တာပဲ ဖြစ်ပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးနှံနေမှုကို သီတဂူဆရာတော်ကြီးကိုယ်တိုင် ကြွရောက်ကြည့်ရှုအားပေးမှုတွေလည်း ပြုလုပ်ခဲ့တာတွေ့ရပါတယ်။

သြဂုတ်လ ၁၁ရက်ကဆိုရင် မင်းကွန်းတောင်ရိုးရှိ သံဃာတော်များ၊ သီလရှင်၊ လူပုဂ္ဂိုလ် ၅၀၀တို့ကို ကာကွယ်ဆေးထိုးပေးခဲ့တာပါ။

ကိုဗစ်ကာကွယ်ဆေးကို စစ်ကိုင်းမြို့မှာရှိတဲ့ သီတဂူအာယုဒါနဆေးရုံမှာပါ ရဟန်း သာမဏေ သီလရှင်တိုကို ထိုးနှံပေးခဲ့တာတွေလည်း ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ ဦးအောင်ဆန်းဝင်းက ရဟန်း သာမဏေ သီလရှင်တွေကို တိုင်း၊ပြည်နယ် အစိုးရတွေက ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေတာတွေရှိတယ်လို လည်း ပြောပြပါတယ်။

ကိုဗစ်ကြောင့် ဘဝနတ်ထံ ပျံလွန်တော်မူသွားခဲ့ရတဲ့ ရဟန်းသာမဏေသီလရှင်အရေအတွက် သြဂုတ် ၈ရက်အထိ ၁၆၃ပါး ရှိခဲ့ပြီး ကူးစက်ခံရသူ အရေအတွက်က ၅၇၀၀နီးပါးရှိခဲ့တယ်လို့သာသနာရေးဌာနကသိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here