တူးဖော်ရရှိထားသည့် ပုလဲများအား စင်းလုံးငှား လေယာဉ်ဖြင့် သယ်ယူ၍ တန်ဖိုးဖြတ်ခြင်းနှင့် အချိုးကျခွဲဝေများ နေပြည်တော်တွင်ပြုလုပ်

0
243

နိုင်ငံပိုင် မြန်မာ့ပုလဲ ထုတ်လုပ်ရောင်းဝယ်ရေး လုပ်ငန်းနဲ့ အကျိုးတူဖက်စပ် ဆောင်ရွက်နေတဲ့ ပုလဲမွေးမြူ ထုတ်လုပ်ရေးကုမ္ပဏီရဲ့ ဖော်ယူပြီးတဲ့ ပုလဲတွေကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ကနေ နေပြည်တော်ကို အခုရက်ထဲ မြန်မာ့လေကြောင်း စင်းလုံးငှား လေယာဉ် နဲ့ သယ်ယူပြီး တန်ဖိုးဖြတ်တာတွေနဲ့ အချိုးကျခွဲဝေတာတွေဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

နေပြည်တော်၊ မြန်မာ့ကျောက်မျက်ရတနာ ပြတိုက်မှာ ဆောင်ရွက်ခဲ့တာပါ။

အဲ့ဒီ ကုမ္ပဏီအနေနဲ့ ဘဏ္ဍာရေးနှစ် အတွင်း ထုတ်လုပ် ရရှိခဲ့တဲ့ စုစုပေါင်းပုလဲအလုံးရေ ဟာ(၃၃၇,၉၁၂)လုံး၊ အလေးချိန် (၂၄၂,၇၈၂) မိုမီဖြစ်ပြီး မြန်မာ့ပုလဲလုပ်ငန်း ဉပဒေပုဒ်မ ၂၅၊ ပုဒ်မခွဲ(က)အရ တန်ဖိုးဖြတ်၊ အချိုးကျခွဲဝေခြင်းကို ဆောင်ရွက်ခဲ့တာမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ထုတ်လုပ်မှုလျာထားချက် ပြည့်မီကျော်လွန် ရရှိခဲ့တယ်လို့သိရပါတယ်။

တနင်္သာရီတိုင်းဒေသကြီး အတွင်း ပုလဲ ထုတ်လုပ်တာတွေကို မြန်မာ့ပုလဲ ထုတ်လုပ်ရောင်းဝယ်ရေး လုပ်ငန်းနဲ့ အကျိုးတူ ဖက်စပ် ဆောင်ရွက်နေတဲ့ ပြည်ပကုမ္ပဏီ(၄)ခု၊ ပြည်တွင်းကုမ္ပဏီ(၇)ခုနဲ့ နိုင်ငံပိုင် ပုလဲစခန်း (၁)ခု၊ စုစုပေါင်း ပုလဲထုတ်လုပ်ရေး စခန်း(၁၂)ခုနဲ့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွင်း ပုလဲ လုံးရေ စုစုပေါင်း(၁,၂၉၀,၀၇၆)လုံး၊ အလေးချိန်(၇၆၄,၁၅၁) မိုမီ ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဇူလိုင်လကုန်အထိ ကုမ္ပဏီ(၈)ခုမှ စုစုပေါင်း ပုလဲလုံးရေ (၁,၀၃၄,၂၁၇)လုံး၊ အလေးချိန် (၆၅၁,၉၄၅) မိုမီ၊ ကုမ္ပဏီ(၃)ခုနဲ့ နိုင်ငံပိုင်ပုလဲစခန်း (၁)ခုမှာ ပုလဲဖော်ခြင်း လုပ်ငန်း များကို ဆက်လက်ဆောင်ရွက်လျက်ရှိနေတယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here