တောင်ကိုရီးယားအခြေစိုက်ဖောင်ဒေးရှင်းက မြန်မာကျောင်းသူ ၃ဦးကို ပညာသင်ထောက်ပံ့မှုပေး

0
292

တောင်ကိုရီးယား အခြေစိုက် နာမည်ကြီးဖောင်ဒေးရှင်း တစ်ခုဖြစ်တဲ့ Woojung Education and Culture Foundationက မြန်မာကျောင်းသူ ၃ဦးကို စကောလားရှစ်ထောက်ပံ့ပေးလိုက်တယ်လို့ ဆိုးလ်ရှိ မြန်မာသံရုံးကနေ သိရပါတယ်။

Woojung Education and Culture Foundation က Scholarship Students for the 2nd Semester, 2021 ပညာ သင်ထောက်ပံ့ကြေး ပေးအပ်မှာဖြစ်လို့ ကိုရီးယားသမ္မတနိုင်ငံရှိ တက္ကသိုလ် တစ်ခုခုမှာ ဘွဲ့ကြိုနဲ့ မဟာဘွဲ တက်ရောက်ခွင့် ရရှိ ထားသူတွေလျှောက်ထားနိုင်ကြောင်း အကြောင်းကြားလာချက်အရ လျှောက်ထားရင်း ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ယခင်က မြန်မာ ၂ဦးကိုပဲ ပေးမယ်လို့ ဖောင်ဒေးရှင်းဘက်က သတ်မှတ်ထားပေမယ့် အခု ၃ဦးအထိ တိုးမြှင့်ပေးခဲ့တာလိုလည်းသိရပါတယ်။

စကောလားရှစ်ထောက်ပံ့ကြေးရသူတွေကတော့ ဒေါ်အေးမြသန္တာမောင်၊ဒေါ်ချစ်ပြည့်နိုင်၊ ဒေါ်နွယ်ဇင်လတ် တို့ဖြစ်တယ်လို့ သိရပါတယ်။

ပညာသင်ထောက်ပံ့ကြေး ရရှိသူတွေကို Woojung Education and Culture Foundation က တိုက်ရိုက် ဆက်သွယ် မယ်လို့လည်းသိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here