မြန်မာငွေဆက်တိုက် ကျဆင်းလာမှု ကုန်းဈေးနှုန်းနှင့်ဆေးဝါးဈေး များအပေါ် ရိုက်ခတ်လာမည်ကို စိုးရိမ်ရ

0
346


မြန်မာငွေတန်ဖိုးဟာ ဆက်တိုက်ကျဆင်းလာနေပြီး နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းထားတွေက ဆက်တိုက်တက်လာနေပါတယ်။

ဒီလို မြန်မာငွေကျဆင်းပြီး နိုင်ငံခြားငွေတက်နေတာက ပို့ကုန်ကဏ္ဍအတွက် အရေး သာနေပေမယ့် ကျန်းမာရေးစောင့်ရှောက်မှုဆေးဝါး နဲ့ အသုံးအဆောင်တွေ၊ ပြီးတော့ စက်သုံးဆီ၊ စားသုံးဆီအပြင် အခြား စားသောက်ကုန်တွေ ကအစ ပြည်ပသွင်းကုန်များတဲ့ နိုင်ငံအဖို့ ဆိုးကျိုး များလိမ့်မယ့်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ကြပါတယ်။

အချိုဆိုရင် ကိုဗစ်ဆေးဝါးတွေများစွာ တင်သွင်းနေရတဲ့ နိုင်ငံအဖို့ နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းထားတွေက ဆက်တိုက်တက်လာနေတာက စိုးရိမ်စရာလိုတောင် ထောက်ပြကြပါတယ်။

နိုင်ငံခြားငွေတွေနဲ့ ဝယ်ရတာတွေ မှန်သမျှ ဈေးတက်ပြီပေါ့ လို့ လုပ်ငန်းရှင်တစ်ဦးက ဥပမာပြုပါတယ်။

ဗဟိုဘဏ်က ဒေါ်လာဈေးတွေ မတည်မငြိမ်ဖြစ်နေတာက နိုင်ငံရေး တည်ငြိမ်မှု၊ စီးပွားရေး တည်ငြိမ်မှုတွေ အပေါ် ရိုက်ခတ်မှုတွေ ရှိလာ လိမ့်မယ် လို့ အသိပေးထုတ်ပြန်ထားတာရှိပါတယ်။

ဒါ့အပြင် နိုင်ငံခြားလဲလှယ်မှု ဈေးတွေတည်ငြိမ်ဖို့ ဘဏ်အားလုံး ထိန်းပေးကြဖို့လည်း တိုက်တွန်းထားတာရှိပါတယ်။

စီးပွားရေး လုပ်ငန်းရှင်တွေကတော့ မြန်မာငွေဆက်တိုက် ကျဆင်းလာပြီး နိုင်ငံခြားငွေဈေးနှုန်း ဆက်တိုက် တက်လာနေတာတွေက ကုန်းဈေးနှုန်း နဲ့ ဆေးဝါးဈေးတွေအပေါ် ရိုက်ခတ်လာမှာကို စိုးရိမ်နေကြပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here