ကွယ်လွန်သူ ဖခင်အတွက် ရည်စူးပြီး သက်ကြီး လူရွှင်တော်ကြီး သုံးဦးကို လှူဖွယ်ပစ္စည်းများ ကန်တော့ခဲ့တဲ့ မေတ္တာမြင့်မြတ်ဟိန်း

0
1876

ကွယ်လွန်သွားတဲ့ ဖခင်ဖြစ်သူ ဦးမေတ္တာ အတွက် ရည်စူးပြီး သက်ကြီး လူရွှင်တော်ကြီးများဖြစ်တဲ့ ဦးပေါ်လေး၊ ဦးမိုးဒီ၊ ဦးနေကျော် တို့ကို လှူဖွယ် ပစ္စည်း များဖြင့်ကန်တော့ဖြစ်ခဲ့တယ်လို့ မေတ္တာမြင့်မြတ်ဟိန်းက သူ့ရဲ့ဖေ့စ်ဘုတ် စာမျက်နှာမှာရေးသားထားပါတယ်။

” ကျေးဇူးဂါရဝပါခင်ဗျာ၊ အဖေ့ကို အားပေး ချစ်ခင်ကြတဲ့ မိသားစုများထဲကမှ၊ အမတစ်ယောက်နဲ့စကားပြောဆိုရင်း ဦးမေတ္တာ အတွက် အလှူလေးတခု လုပ်ပေးပြီး၊ ကုသိုလ်ပြုပေးချင်တယ်လို့ ရည်ရွယ်ရင်းက ယနေ့ ဖေဖေ့အတွက် ရည်စူးပီး သက်ကြီးလူရွှင်တော်များဖြစ်တဲ့
ဘဘဦးပေါ်လေး၊ ဘဘဦးမိုးဒီ ၊ အဖေဦးနေကျော်တို့ကို လှူဖွယ်ပစ္စည်း များနဲ့အတူ ကျနော် သွားရောက်ဂါရဝပြု ကန်တော့ခွင့်ရခဲ့ပါတယ်။ ဆုံးမဩဝါဒစကား နားထောင်ရင်း ဖေဖေ့ကိုလည်း အရမ်းသတိရမိတယ်။ အဖေ့အတွက် ရည်စူးပြီး စီစဉ်ပေးကြတဲ့ ၇ ရက်သားသမီးများ ပရဟိတ အလှူတော်အဖွဲ့ ကိုလည်းကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျာ။ အခုလို ခင်မင်ခွင့်ရအောင် ကူညီပေးတဲ့ သူငယ်ချင်း Su Paing Theint ကိုလည်း ကျေးဇူးတင်ပါတယ် ” လို့ ရေးသားထားခဲ့ပါတယ်။

 

 

 

 

 


LEAVE A REPLY

Please enter your comment!
Please enter your name here