ကမ္ဘာလှည့်ခရီးသွားများလိုက်ပါစီးနင်းသော ရဟတ်ယာဉ်တစ်စီး ရုရှားနိုင်ငံအတွင်းပျက်ကျ

0
285
မော်စကို၊ သြဂုတ် ၁၂
ကမ္ဘာလှည့်ခရီးသွားများစီးနင်းလိုက်ပါလာသော ရဟတ်ယာဉ်တစ်စီးသည် ရုရှားနိုင်ငံ အရှေ့ဖျားရှိ ကမ်ချတ်ကာ(Kamchatka)ဒေသတွင် ယနေ့ ကြာသပတေးနေ့ စောစောပိုင်းက ပျက်ကျခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကား၍ စပွတ်နစ် သတင်းဌာနက ရေးသားထားသည်။
ယင်းရဟတ်ယာဉ်ပေါ်ဝယ် ကမ႓ာလှည့် ခရီးသည် ၁၃ ဦးနှင့်၊ ရဟတ်ယာဉ် အမှုထမ်း ၃ ဦး စုစုပေါင်း ၁၆ ဦးပါဝင်သည်။ ကနဦးသတင်းအရ လူ ၈ ဦးကို ကယ်ဆယ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ရဟတ်ယာဉ်မှာ Mi-8 အမျိုးအစားဖြစ်ကြောင်း သတင်းဌာနများကဆိုကြသည်။
Ref: Helicopter with 16 people aboard crashes in Russia’s Far East


LEAVE A REPLY

Please enter your comment!
Please enter your name here