ပန်းလှိုင်ဆေးရုံလုပ်ငန်းစုမှ ကာကွယ်ဆေးထိုးသည့် သီးသန့်စင်တာများ ဖွင့်လှစ်မည်

0
199
ပန်းလှိုင်ဆေးရုံလုပ်ငန်းစုမှ ကိုဗစ်၁၉ကာကွယ်ဆေး ထိုးသည့် သီးသန့်စင်တာများကို ဆောက်လုပ်ပြင်ဆင်လျက်ရှိပြီး မကြာမီ ဖွင်လှစ်နိုင်တော့မယ် လို့ သိရပါတယ်။
အဲ့ဒီစင်တာကို ကျန်းမာရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာတို့မှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ နှင့်အညီ ဆောက်လုပ်ထားပြီး ရောဂါကူးစက်မှုဘေးမှ စိတ်ချစွာဖြင့် ကာကွယ်ဆေးထိုးနိုင်မှာဖြစ်ပါတယ်။
ပထမအဆင့်အနေဖြင့် ရန်ကုန်မြို့ ပန်းလှိုင် ဆေးရုံ(လှိုင်သာယာ)ဘေးရှိ Dulwich School Campus နှင့် သန်လျင်မြို့နယ်ရှိ Star City တိုတွင့် ဖွင့်လှစ်မှာဖြစ်ပြီး မန္တလေးနှင့် တောင်ကြီးမြို့တွေမှာတော့ ဒုတိယအဆင့်အဖြစ် ဖွင့်လှစ်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။
အဆိုပါစင်တာများတွင် ပထမဦးစားပေးအသုတ်အနေဖြင့် မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်(Myanmar Chinese Chamber of Commerce) ထံမှ ကာကွယ်ဆေး (အစစ်အမှန်)မှာယူရှိသည့် ကုမ္ပဏီအဖွဲအစည်းများအား အသင်းချုပ်မှ သတ်မှတ်သည့် စည်းကမ်းများနှင့်အညီ ကာကွယ်ဆေးထိုးပေးခြင်းဝန်ဆောင်မှုများကို ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
နောက်အဆင့်တွင် အများပြည်သူများအား ကာကွယ်ဆေးထိုးပေးခြင်း ဝန်ဆောင်မှုများ အကျယ်တဝင့် ဆက်လက်ဆောင်ရွက်ပေး သွားနိုင်ရန် အတွက် ကာကွယ်ဆေး (အစစ်အမှန်)နောက်ထပ်ရရှိနိုင်ရန် ပန်းလှိုင်ဆေးရုံမှ ကြိုးပမ်းလျက်ရှိပြီး တိုးတက်ဖြစ်ပေါ်မှုကို အချိန်နှင့် တပြေးညီ အကြောင်းကြားပေးသွားမယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here