ရေကြီးနစ်မြုပ်လို့ ပျက်ဆီးဆုံးရှုံးမှုဖြစ်ပေါ်တဲ့ မိုးစပါးစိုက်ဧကတွေအတွက် လိုအပ်တဲ့ မျိုးစပါးတွေထောက်ပံ့ဖို့ အလုံအလောက်ရှိထား

0
329
နေပြည်တော် ဩဂုတ် ၁၂
ယခုနှစ် သဘာဝဘေးရေကြီး နစ်မြုပ်မှုတွေကြောင့် ပျက်ဆီးဆုံးရှုံးမှုများဖြစ်ပေါ်တဲ့ မိုးစပါးစိုကိဧကတွေအတွက် မျိုးစပါးတွေ ကူညီထောက် ပံ့ပေးနိုင်ဖို့ အလုံအလောက်ရှိထားတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက သိရပါတယ်။
ဒီ ၂၀၂၀–၂၀၂၁ ခုနှစ် မိုးရာသီအတွင်း နိုင်ငံတစ်ဝှမ်းတွင် မိုးသီးနှံဧက (၁၆ ဒသမ ၅)သန်းကျော် စိုက်ပျိုးပြီးသည့် အနက် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြစ်ရေကြီးခြင်းနှင့် ပင်လယ်ဒီရေ မြင့်တက်ခြင်းတို့ကြောင့် ဇူလိုင်လကုန်မှာ မိုးသီးနှံဧက(၇)သောင်းကျော် ရေကြီးနစ်မြုပ်မှုဖြစ်ခဲ့ပါတယ်။
ယခုဩဂုတ်လ ပထမပတ်အတွင်းမှာ လည်း မိုးစပါး စိုက်ဧက ၇၀၀၀ ခန့် ထပ်မံနစ်မြုပ်မှုရှိခဲ့ပြီး ဒီလို ရေနစ်မြုပ်မှုကြောင့် ပျက်ဆီး ဆုံးရှုံးရတဲ့ မိုးစပါးစိုက်ဧကတွေ အတွက် အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရေး မျိုးစေ့များထောက်ပံ့ကူညီနိုင်ဖို့ အလုံအလောက် ရှိထားတယ် လို့ သိရပါတယ်။
” ကျွန်တော်တို့က အရင်နှစ်တွေတုန်းကလဲ နှစ်စဉ် ရေကြီးမှုတွေရှိခဲ့တော့ အဲ့နှစ်တွေမှာလည်း မျိုးစပါးဖြန့်ပေးတာတို့၊ အိမ်မွေးတိရစ္ဆာန် ကျွဲ၊ နွားတွေ နေရာရွှေ့ပြောင်းပေးတာတွေ၊ကုသမှုပေးတာတွေကို သက်ဆိုင်ရာဌာနအလိုက် လုပ်ပေးတာတွေရှိခဲ့ပါတယ်။ ဒီနှစ်လဲ တစ်ကယ်လို့များ သဘာဝဘေးလိုဖြစ်လာခဲ့ရင် ကူညီဆောင်ရွက်ဖို့ညွှန်ကြားထားသလို နစ်မြုပ်ပျက်စီးတဲ့ မိုးစပါးစိုက်ဧကတွေကိုလည်း နှစ်စဉ်ဘတ်ဂျတ်နဲ့ လျာထားပါတယိ။ ဌာနခြံတွေမှာလဲရှိသလို ပုဂ္ဂလိကခြံတွေနဲ့လဲ ချိတ်ဆက်ထားပါတယ်။ တစ်ကယ်လို့ မိုးစပါးမျိုးစေ့တွေထောက်ပံ့ရမယ်ဆိုရင်လဲ အလံအလောက်ရှိပါတယ်” ဟု အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တောင်သူလယ်သမားများ၏ ရေကြီးနစ်မြုပ်ပျက်စီးသွားတဲ့ မိုးစပါးလယ်မြေများအား အချိန်မီ ပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် အရန်ပျိုး များဖြင့် ပြန်လည်အစားထိုး စိုက်ပျိုးခြင်း၊ သက်လတ်နှင့် သက်ကြီးစပါမျိုးများကို သက်တမ်းရက်(၆၀)အတွင်းရှိ စပါး စိုက်ခင်းမှ သားတက်ခွဲ၍ ပွားများစိုက်ပျိုးခြင်း၊ သက်လျင်စပါမျိုး (ရက်–၉၀၊ ရွှေသွယ်ရင်၊ ထိုင်းနှံကောက်) စသည်များဖြင့် ပျိုးထောင်စိုက်ပျိုးခြင်း (သို့) Drum Seeder အသုံးပြု၍ တိုက်ရိုက်အစေ့ချ စိုက်ပျိုးခြင်း၊ ပျိုးဖျာလိပ် ပျိုးထောင်နည်း (Dapog Method)ကိုအသုံးပြု၍ ပျိုးထောင် စိုက်ပျိုးခြင်း၊ အမြန်ဆုံး ပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရန် ကောက်စိုက်စက်များ အသုံးပြု စိုက်ပျိုးခြင်းများ ဆောင်ရွက်ဖို့လိုအပ်ကြောင်း သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here