မြင်းခြံမြို့တွင် ပစ်ခတ်မှုဖြစ်ပွား ၈လသား ကလေးသေဆုံးသွား

0
145
မြင်းခြံမြို့မှာ ဒီကနေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ ၈လသားကလေးသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်ကတော့ မြင်းခြံမြို့၊ အမှတ် ၄ ရပ်ကွက်မှာ ဖြစ်ခဲ့တာဖြစ်ပြီး နံနက် ၇ နာရီ အချိန်ခန့်ကဖြစ်ခဲ့တာလို့ သိရပါတယ်။
သေနတ်နဲ့ အပစ်ခံရတဲ့သူဟာ မုန့်ဟင်းခါးရောင်းတဲ့သူလို့ သိရပါတယ်။
ဒီကနေ့ မနက်က ကလေးချီထားတဲ့ ကိုငြိမ်းချမ်းတစ်ယောက် မုန့်ဟင်းခါးရောင်းဖို့ ပြင်ဆင်နေစဉ် ဆိုင်ကယ်၂စီးနဲ့ လူ ၄ဦး ရောက်ရှိလာပြီး မုန့်ဟင်းခါးရလာသလားလို့ မေးပြီး သေနတ်နဲ့ ၄ချက်ပစ်ခဲ့တာပါ။
ပစ်ခတ်ခံရ မှုကြောင့် ကိုငြိမ်းချမ်းရဲ့ ယာလက်မောင်း ဖောက်ဝင် ၁ ချက်၊ ဝဲလက်မောင်း ရှပ်ထိ ၁ ချက်(မစိုးရိမ်ရ) ရခဲ့ပေမယ့် ချီထားတဲ့ ၈ လသမီးငယ် မငြိမ်းငြိမ်းကတော့ နဖူးကနေဖောက်ဝင်သွားတဲ့ ကျည်ဆံကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ရတာပါ။


LEAVE A REPLY

Please enter your comment!
Please enter your name here