မြန်မာနိုင်ငံအတွင်း ဘီယာထုတ်လုပ်ငန်းစပ်တူရှယ်ယာလုပ်ကိုင်နေသည့် ဂျပန်ကီရင် (Kirin Holdings) လုပ်ငန်း အမေရိကန်ဒေါ်လာသန်း၂၀၀နီးပါး အရှုံးပေါ် ရှုံး

0
257
မြန်မာနိုင်ငံအတွင်း ဘီယာထုတ်လုပ်ငန်းစပ်တူရှယ်ယာလာလုပ်နေတဲ့ ဂျပန်ကီရင် (Kirin Holdings) လုပ်ငန်းဟာ အမေရိကန်ဒေါ်လာ သန်း၂၀၀နီးပါး အရှုံးပေါ် နေတယ်လို့ ဂျပန် အခြေစိုက် သတင်းဌာနကဖော်ပြပါတယ်။
ဂျပန်ဘီယာလုပ်ငန်း ကီရင် (Kirin Holdings) ဟာ ခြောက်လအတွင်း မြန်မာနိုင်ငံမှာ ရှိတဲ့ ဘီယာ ထုတ်လုပ်ငန်းမှာ အမေရိကန်ဒေါ်လာ (၁၉၃) သန်း အရှုံးပေါ်ခဲ့တယ် အဲ့ဒီသတင်းဌာနက ရေးသားပါတယ်။
အရှုံးပေါ်ရတာက ဖဖော်ဝါရီလကနေ စတင်ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေး အခြေအနေကြောင့်တွေကြောင့်လို့ သတင်းကဆိုပါတယ်။
ဂျပန်ဘီယာလုပ်ငန်း ကီရင် (Kirin Holdings)က အကြီးတန်းအမှုဆောင်အရာရှိ တိုရုယိုရှီမုရ က လောလောဆယ်အနေအထားမှာ မြန်မာနိုင်ငံက ထွက်ခွာဖို့ မစဉ်းစားဘူးလို့ ပြောကြားထားတာရှိပြီး မြန်မာ့စီးပွားရေးဦးပိုင်နဲ့ ဖက်စပ်လုပ်ငန်းရပ်ဆိုင်းဖို့ ညှိနှိုင်းဆွေးနွေးနေ ဆဲဖြစ်တယ်လို့ ဆိုထားပါတယ်။
ဂျပန်ဘီယာလုပ်ငန်းဖြစ်တဲ့ ကီရင်ဟာ မြန်မာဘီယာနဲ့ မန္တလေးဘီယာတို့ကို တပ်မတော်ပိုင် လုပ်ငန်းစုနဲ့ ပူးတွဲထုတ်လုပ်နေတာဖြစ်ပြီး ဂျပန်ရဲ့ ရှယ်ယာပိုင်ဆိုင်မှုက အစုရှယ်ယာ (၅၁) ရာခိုင်နှုန်းအထိ ရှိတယ်လို့ သိရပါတယ်။
မြန်မာဘီယာဟာ သူ့ရဲ့နှစ်ကုန် ဝင်ငွေခန့်မှန်းချက်ကို မျှော်မှန်းထားတဲ့ ဘီလီယံ၅၀၀နီးပါးကနေ ငွေကျပ်ဘီလီယံ ၃၀၀အောက်ကို လျှော့ချလိုက်တာရှိပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here