“ရုရှားစီးပွားရေးလုပ်ငန်းရှင်များနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ စက်တင်ဘာလထဲတွေ့ဆုံကြရန်ရှိ”

0
184
ရုရှားစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေ လာမယ့် စက်တင်ဘာလထဲတွေ့ဆုံကြဖို့ ရှိနေတယ်လို့ သိရပါတယ်။
အဲ့ဒီ့လိုတွေ့ဆုံဖို့အတွက် နစက အစိုးရဝန်ကြီးဌာနကိုယ်စားလှယ်အဖွဲ့နဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ စီးပွားရေးကောင်စစ်ဝန် ဖြစ်သူ Mr. Andrei lunakတို့ ဗီဒီယိုကွန်ဖရင့်နဲ့ ဆွေးနွေးခဲ့တာရှိပါတယ်။
တွေ့ဆုံဆွေးနွေးမှုမှာ နစက ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ စီးပွားရေးကောင်စစ်ဝန် ဖြစ်သူ Mr. Andrei lunakတို့ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တွေ့ဆုံမှုနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးက သတင်းမထုတ်ပြန်သေးပါဘူး။
တွေ့ဆုံမှုမှာ စီးပွားရေးလုပ်ငန်းရှင်များအချင်းချင်း တွေ့ဆုံဆွေးနွေးမှုအစီအစဉ် ကျင်းပနိုင်ဖို့ အပြင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလထဲ ကျင်းပဖို့ လျာထားထားတဲ့ တတိယအကြိမ် ရုရှား-မြန်မာအစိုးရချင်း ကုန်သွယ်ရေးနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင် အစည်းအဝေး ကိစ္စပါ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
မြန်မာ-ရုရှား အကြားပြုလုပ်ဖို့ ရှိတဲ့ တွေ့ဆုံဆွေးနွေးမှုတွေဟာ ၂၀၂၁ ခုနှစ် ဇွန်လ စတုတ္ ထရက်သတ္တပတ်အတွင်း နစက ဥက္ကဌရဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ် အတွင်း ဆွေးနွေးညှိနှိုင်းခဲ့မှှု အရ ဖြစ်တယ်လို့ နစကရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနကပြောဆိုပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here